ဟိုပုံးမြို့၌ တောင်သူဦးကြီးများအတွက် စိုက်ပျိုးသီးနှံအထွက်တိုးစေရန် EM (Effective Microorganisms)၊ ငါးအာမိုင်နိုအက်စစ်၊ အခြားအဏုဇီဝဖျော်ရည်နှင့် သဘာဝဓာတ်မြေဩဇာ ပြုလုပ်နည်းလမ်းများဖြန့်ဝေ

ဟိုပုံး ၄ မေ

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် တောင်သူဦးကြီးများအတွက် ဈေးသက်သာစွာ အသုံးပြုတတ်စေရန်နှင့် စိုက်ပျိုးသီးနှံအထွက် တိုးစေရန်ရည်ရွယ်၍ EM (Effective Microorganisms) ငါးအမိုင်နိုအက်စစ်၊  အခြားအဏုဇီဝ ဖျော်ရည်နှင့် သဘာဝဓာတ်မြေဩဇာ ပြုလုပ်နည်းလမ်းများ ဖြန့်ဝေခြင်းကို မေ ၄ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခိုင်သန္တာလင်းက EM အကျိုးပြု ဇီဝရည်သည် မြေဩဇာမဟုတ် မြေဩဇာအမြန်ဖြစ်အောင် ခြေဖျက်ပေးခြင်း၊ EM အကျိုးပြုဇီဝပိုးများက နွားချေး၊ ကြက်ချေး၊ သစ်ရွက်အစို အမြန်ဆွေးမြေ့စေခြင်း၊ EM အသုံးပြုပုံနှင့် ပွားယူနည်းကိုလည်းကောင်း၊ ငါးအမိုင်နိုအက်စစ် ပြုလုပ်နည်းနှင့် အသုံးပြုပုံများကိုလည်းကောင်း၊ သဘာဝမြေဩဇာ ပြုလုပ်နည်းနှင့် အသုံးပြုပုံများကို တောင်သူဦးကြီးများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

 

နေမင်းထွန်း(ဟိုပုံး)