ဟိုပုံးမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ဟိုပုံး ၆ ဇွန်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ယနေ့ နံနက် ၇ နာရီက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်  ဆောင်ရွက်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမောင်မောင်သိန်းနှင့် ပူးပေါင်းအဖွဲ့ဝင်များက ဟိုပုံးမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာနေအိမ်ခြံဝင်းအတွင်းရှိ ပန်းအိုများ၊ ရေတွင်း၊ ရေကန်များ၊ ရေစည်များ၊ ရေအိုးရေခွက်များနှင့် ရေဝပ်နိုင်သောနေရာများတွင် ပိုးလောက်လန်းများ မပေါက်ဖွားနိုင်စေရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် Fever Survey ပြုလုပ်ပေးခြင်း၊ အနီးပတ်ဝန်းကျင်ရှိ ခြုံနွယ်များရှင်းလင်းခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆေးခြင်ထောင်များ အသုံးပြုရေးတို့ကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နေအိမ်ပြင်ပသို့ သွားလာရာတွင် နှာခေါင်းစည်းများ တပ်ဆင်သွား လာကြရန် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

နေမင်းထွန်(ဟိုပုံး)