ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်းနှင့် ညောင်ရွှေမြို့နယ်တို့၌ ဘိန်းစိုက်ခင်း ဧက ၄၀ ဖျက်ဆီး

နေပြည်တော် ၁၅   ဒီဇင်ဘာ

ရှမ်းပြည်နယ်၊ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ကဒီဇင်ဘာလ၁၄ရက်တွင်လိုက်ကန်ကျေးရွာ၏တောင်ဘက်၂မိုင်ခန့်အကွာ၌အမြင့်၁ပေခန့်ရှိသီးပွင့်ဆဲဘိန်းခင်းစုစုပေါင်း၇ဧကခန့်အားဖျက်ဆီးခဲ့ကြောင်း သိရသည်။

အလားတူ ကယားပြည်နယ်၊ ဆီဆိုင်မြို့နယ်၊ ပန်အွန်း ကျေးရွာ၏ တောင်ဘက် ၁ မိုင်ခန့်အကွာ၌ အမြင့်၁ပေခွဲခန့်ရှိ သီးပွင့်ဆဲဘိန်းခင်းစုစုပေါင်း ၁၂ဧကခန့်၊ ပင်လောင်းမြို့နယ်၊ ဆောင်းနိုင်ကျေးရွာ၏ အနောက်တောင်ဘက် ၁ မိုင်ခန့်အကွာ၌ အမြင့်၂ပေခန့်ရှိ သီးပွင့်ဆဲဘိန်းခင်း စုစုပေါင်း ၁၆ ဧကခန့်နှင့် ညောင်ရွှေမြို့နယ်၊ ထီဝါးမူကျေးရွာ၏အရှေ့တောင်ဘက် ၁ မိုင်ခွဲခန့်အကွာ၌ အမြင့်၂ပေခွဲခန့်ရှိ သီးပွင့်ဆဲဘိန်းခင်း စုစုပေါင်း ၅ ဧကခန့်တို့အား သက်ဆိုင်ရာရဲတပ်ဖွဲ့များက ဖျက်ဆီးခဲ့ကြောင်း ရဲပြန်ကြားမှ သိရသည်။

(သတင်းစဉ်)