ဟိုင်းကြီးကျွန်းမြို့ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီက ခရီးသွားပြည်သူများကို ကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းများဆောင်ရွက်

ဟိုင်းကြီးကျွန်း  ၃၀  မတ် 

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီက ခရီးသွား ပြည်သူများကို ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးအတွက် မြို့အဝင်လမ်းနှင့် အမှတ်(၃)ရပ်ကွက် ဆိပ်ကမ်းတို့တွင် ကျန်းမာရေးစစ်ဆေးမှု လုပ်ငန်းများကို  ယခုလ ၃၀ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

‌ေ

 

ဟိုင်းကြီးကျွန်းမြို့၊ မြိုအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်း ဦးဆောင်သော ဌာနဆိုင်ရာဝန်ထမ်း များပါဝင်သည့် မြို့အဆင့် COVID-19 ကာကွယ်ထိန်းချုsပ်ကုသရေးကော်မတီကို ယခုလ ၂၆ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး မြို့ပေါ်ရပ်ကွက်(၃)ခုနှင့် ပတ်ဝန်းကျင် ကျေးရွာအုပ်စု (၂၂)နှစ်ခုတို့တွင် ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးနှင့် ပြည်တွင်းပြည်ပမှ ပြန်လည်ဝင်ရောက်လာသော ဒေသခံပြည်သူများနှင့် ပတ်သက် ၍ ကျန်းမာရေးစစ်ဆေးမှု၊ အသိပညာပေးလုပ်ငန်းများကို ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူ များနှင့်ပူးပေါင်း ညှိနိုင်း ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)