ဟောင်ကောင်ဆန္ဒပြပွဲတွင် တက္ကသိုလ်ကျောင်းသားတစ်ဦး ပထမဆုံးသေဆုံးမှု ဖြစ်ပွား

၈ နိုဝင်ဘာ

 

ဒီမိုကရေစီလိုလားသောဆန္ဒပြပွဲတွင် ပါဝင်ခဲ့စဉ် ဒဏ်ရာများရရှိခဲ့ပြီးနောက် အသက် ၂၂ နှစ်အရွယ် တက္ကသိုလ်ကျောင်းသားတစ်ဦး ယနေ့မနက်ပိုင်းက သေဆုံးခဲ့သည်ဟု ဟောင်ကောင်အစိုးရ က ဆိုသည်။

 

ပြီးခဲ့သည့် ငါးလတာကာလအတွင်း ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲများနှင့်ဆက်နွယ်သော ပထမဆုံးသေဆုံးမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

4

 

Kowloon ကျွန်းဆွယ် လူနေရပ်ကွက်တစ်ခုရှိ ယာဉ်ရပ်နားရာအဆောက်အဦ၏ တတိယထပ်တွင် ပြီးခဲ့သည့် တနင်္လာနေ့က ထိုတက္ကသိုလ်ကျောင်းသားကို တွေ့ရှိခဲ့သည်။

 

ထိုသူသည် စတုတ္ထထပ်မှမတော်တဆ ပြုတ်ကျခြင်း ဖြစ်နိုင်သည်ဟု ဟောင်ကောင်ရဲတပ်ဖွဲ့က ဆိုသည်။

၎င်းကို ဆေးရုံသို့ပို့ဆောင်ပြီးကုသမှုပြုလုပ်ခဲ့သော်လည်း သတိပြန်လည်မရခဲ့တော့ပေ။

 

ထိုဖြစ်ရပ်ဖြစ်ပွားနေချိန်တွင် ရဲတပ်ဖွဲ့က အနီးနားနေရာတစ်ခုမှ ဆန္ဒပြသူများကို ဖယ်ရှားရန် မျက်ရည်ယိုဗုံးအသုံးပြုနေသည်ဟု  သတင်းများအရ သိရသည်။

 

အဆိုပါ ကျောင်းသားသေဆုံးခြင်းသည် အစိုးရနှင့် ရဲတပ်ဖွဲ့များအပေါ် အများပြည်သူ၏ ဒေါသဖြစ်မှု ပိုမိုတိုးပွားလာနိုင်ကြောင်း ဖော်ပြထားသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို