ဟောင်ကောင်ဆန္ဒပြပွဲများအတွင်း လူတစ်ဉီးသတ်မှုဖြင့် ဆယ်ကျော်သက်ငါးဉီးကို ဖမ်းဆီး

၁၆ ဒီဇင်ဘာ

ပြီးခဲ့လအတွင်း ဟောင်ကောင်ဆန္ဒပြပွဲများအတွင်း လူတစ်ဉီးကို သေဆုံးစေခဲ့မှုဖြင့် သံသယရှိသည့် ဆယ်ကျော်သက် ငါးဉီးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

 

hk2

 

New Territories နေထိုင်သူများနှင့် ဆန္ဒပြသူများအကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ အသက်၇၀အရွယ် သန့်ရှင်းရေးလုပ်သည့် အဘိုးဖိုတစ်ဉီး၏ ဉီးခေါင်းကို အုတ်ခဲထိမှန်မှုဖြစ်ပွားခဲ့သည်။

၎င်းသည် ဆေးရုံတွင် သေဆုံးခဲ့သည်။

သတင်းပေးသူကို အမေရိကန်ဒေါ်လာ ၁၀၀၀၀၀ ဆုချီးမြှင့်မည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက် သောကြာနေ့အတွင်းက အသက်၁၅နှစ်မှ ၁၈နှစ်အရွယ်ရှိ သံသယရှိသူ ၅ဉီးကို ဖမ်းဆီးခဲ့သည်။

ဟောင်ကောင်တွင် ပြီးခဲ့သည့်လအတွင်းက ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဆန္ဒပြမှုများနှင့် ပရမ်းပတာအခြေအနေများကို အဆုံးသတ်ပြီး ပြန်လည်ထူထောင်ရေးအစီအစဉ်များကို ဟောင်ကောင်အတွက် အဓိက ဉီးစားပေးလုပ်ကိုင်ရန်လိုကြောင်း တရုတ်သမ္မတရှီကျင့်ဖျင့်က ဟောင်ကောင်အမှုဆောင်အရာရှိချုပ် ကယ်ရီလမ်းအား ပြောကြားခဲ့သည်။

အကြမ်းဖက်မှုများကို ရပ်တန့်ရန်နှင့် ပြည်သူလူထု၏ ကောင်းကျိုးကို ကာကွယ်ရန် ဉပဒေနှင့်အညီအပြစ်ပေးအရေးယူရန် ကယ်ရီလမ်းအား ရှီကျင့်ဖျင်က တိုက်တွန်းခဲ့သည်။

နယ်မြေ၏အခြေအနေနှင့်ပတ်သက်ပြီး နှစ်ပတ်လည်အစီရင်ခံစာနှင့်ပတ်သက်ပြီး ဘေဂျင်းတွင် ယနေ့၌ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်တွေ့ဆုံရန် လမ်းက စီစဉ်ထားသည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်