ဟွာဝေးရဲ့ ရှယ်ဟာဈေး ၁၃.၁ ရာခိုင်နှုန်း မြင့်တက်

၁၄ ဇူလိုင်

 

 

တရုတ်နည်းပညာကုမ္ပဏီ ဟွာဝေးရဲ့ ပထမ ခြောက်လပတ်မှာ ရှယ်ယာဈေးနှုန်းဟာ ၁၃.၁ ရာခိုင်နှုန်း မြင့်တက်လာကြောင်း တနင်္လာနေ့က ထုတ်ပြန်ကြေညာပါတယ်။ ဒီနှစ် နှစ်ဆန်းပိုင်းမှာ ရှယ်ယာဈေးနှုန်း ကျခဲ့ပေမယ့် နောက်ပိုင်း ရှယ်ယာ ဈေးတက်ခဲ့ပြီး ပထမ ခြောက်လပတ်ရဲ့ အသားတင် အမြတ်မှာ ၉.၂ ရာခိုင်နှုန်း ရှိကြောင်း ဟွာဝေးမှ ထုတ်ပြန်ပါတယ်။

 

 

ဆက်သွယ်ရေး နည်းပညာဟာ ကိုရိုနာ ဗိုင်းရပ်စ်ပိုးရဲ့ သက်ရောက်မှုနဲ့ စီးပွားရေး ပြန်လည် ဦးမော့အောင် လုပ်ဆောင်နိုင်တဲ့ ပစ္စည်းတစ်ခုဖြစ်ကြောင်း ဟွာဝေးမှ ထုတ်ပြန်ပါတယ်။

 

 

ဟွာဝေးဟာ နက်ဝက် ဆက်သွယ်ရေးအတွက် ပစ္စည်းတွေ ထုတ်လုပ်ပေးတဲ့ ဆမ်ဆောင်း ကုမ္ပဏီပြီးရင် ဒုတိယ အကြီးဆုံး ကုမ္ပဏီဖြစ်ပါတယ်။ နှစ်စဉ်  နှစ်ဝက်ရဲ့ ဝင်ငွေဟာ ယွမ် ၄၅၄ ဘီလီယံရှိကြာင်း သိရပါတယ်။ ပထမ သုံးလပတ်မှာ ဝင်ငွေဟာ ယွမ် ၁၈၂.၂ ဘီလီယံရှိရာမှာ ဒုတိယ လေးလပတ်မှာ ရှယ်ယာဈေး မြင့်လာတာ ဖြစ်ပါတယ်။

 

 

ပထမ သုံးလပတ်ရဲ့ မတ်လကုန်ပိုင်းမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့ချိန်နဲ့ ကုမ္ပဏီရဲ့ နက်ဝက် တည်ဆောက်ရေးကို မပါဝင်အောင် နိုင်ငံတကာက ကြိုးစားနေချိန်မှာ ရှယ်ယာဈေးက ကျဆင်းခဲ့တာ ဖြစ်တယ်လို့ သုတေသန ပညာရှင်တွေက ဝေဖန်ထားပါတယ်။

 

 

MDN

ကိုးကား- AFP

2429