ဟားခါး၌ ပုံမှန်ကာကွယ်ဆေးထိုး/တိုက်ကျွေးမှု အစီအစဉ်တွင် ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေး စတင်ထည့်သွင်းခြင်း အသိပညာပေးဆွေးနွေး

ဟားခါး  ၂၇  ဇန်နဝါရီ

ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ကျွေးမှုအစီအစဉ်တွင် ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေး စတင်ထည့်သွင်းခြင်း အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ဟားခါးမြို့ ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံး၌ ပြုလုပ်ခဲ့သည်။

 

3648

 

ဆွေးနွေးပွဲတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူး ဒေါက်တာငွေစံက အမှာစကားပြောကြားပြီး လက်ထောက်ကျန်းမာရေးမှူး ဦးပီတာခိုင်ဒိတ်တုန်းက ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးနှင့် ပတ်သက်၍ တိုက်ကျွေးနိုင်သည့် ကလေးငယ်များနှင့် တိုက်ကျွေးခွင့်မရှိသည့် ကလေးငယ်များအကြောင်းကို လည်းကောင်း၊ ကာကွယ်ဆေး ထည့်သွင်းတိုက်ကျွေးရသည့် ရည်ရွယ်ချက်များကိုလည်းကောင်း ရှင်းလင်းပြောကြားရာ တက်ရောက်လာသူများက သိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ပြီး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ် ပြည်သူ့ကျန်းမာရေး/ ကုသရေး ဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများနှင့် အရပ်ဘက်အဖွဲ့အစည်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆလိုင်း(ပြန်/ဆက်)