ဟားခါးမြို့အနီး ငလျင်လှုပ်

နေပြည်တော် ၁၅ ဖေဖော်ဝါရီ

 

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၁၅)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄)နာရီ၊ (၄၂)မိနစ်၊ (၁၉) စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ တောင်ဘက် (၆)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ဟားခါးမြို့၏ တောင်ဘက် (၆)မိုင် ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၅၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၆၀)ဒီဂရီ၊ အနက်(၂၇)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး(၄.၀)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုး/ဇလမှ ထုတ်ပြန်ထားသည်။

MDN