ဟာဇက်နေရာ ကွက်လပ်ဖြည့်ရန်အတွက်  နွေဈေးကွက်အတွင်း ချယ်လ်ဆီး ငွေသုံးကြမ်းခဲ့ရခြင်းဟု လမ်းပတ်ဆို

၁၇ အောက်တိုဘာ

 

ချယ်လ်ဆီးနည်းပြ လမ်းပတ်က  ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့သွားသည့် ဟာဇက်နေရာကို အစားထိုးရန်အတွက် ပြီးခဲ့သည့်နွေဈေးကွက်အတွင်း ချယ်လ်ဆီးအသင်းအနေဖြင့်  ငွေသုံးကြမ်းခဲ့ရခြင်း ဖြစ်ကြောင်း ပြောကြားလိုက်သည်။

 

ဟာဇက်မှာ ချယ်လ်ဆီးနှင့် ရှစ်ရာသီ ဖြတ်သန်းခဲ့ပြီး  ပရီမီယာလိဂ်ဖလားနှစ်ကြိမ်နှင့် ယူရိုပါလိဂ် ဖလားတစ်ကြိမ် ဆွတ်ခူးပေးနိုင်ခဲ့သူဖြစ်သည်။  ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ နွေဈေးကွက်တွင်  ဟာဇက်ကို ရီးယဲလ်အသင်းသို့ ထွက်ခွာခွင့်ပေးခဲ့သော်လည်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)၏  အပြောင်းအရွှေ့ပိတ်ပင်ခံရမှူကြောင့် လုံလောက်သည့်ကစားသမား ဖြည့်တင်းမှု ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ဘဲ  ချယ်လ်ဆီးလူငယ်ကစားသမားအများစုဖြင့်သာ  ယှဉ်ပြိုင်ခဲ့ရသည်။  ရလဒ်ပိုင်း  တည်ငြိမ်မှု မရှိခဲ့သလို ရာသီကုန်ခါနီးတွင် အသင်းလိုက်စွမ်းဆောင်ရည်ပိုင်း သိသိသာသာ ကျဆင်းခဲ့သည်ကို တွေ့ရသည်။

 

လမ်းပတ်က “ ကျွန်တော်တို့အသင်းက ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းကစားသမားကို ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် အပြောင်းအရွှေ့ဈေးကွက် နှစ်ခုလုံး ( နွေဈေးကွက်၊ ဆောင်းရာသီ ဈေးကွက်)တွေမှာ အားဖြည့်မှုတွေ မလုပ်ဆောင်နိုင်ခဲ့ဘူး။ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့တောင် အပြင်းအထန် ပြိုင်ဆိုင်နေရတဲ့ ဒီလိဂ်မှာ သူ ( ဟာဇက်)နေရာအစားထိုးဖို့ ငွေသုံးကြမ်းရပါမယ်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

ချယ်လ်ဆီးသည် ပြီးခဲ့သည့်နွေဈေးကွက်အတွင်း ခိုင်ဟာဗက်အတွက် ယူရို သန်း ၈၀၊ တီမိုဝါနာအတွက် ယူရို ၅၃သန်းနှင့် ဘင်ချီဝဲလ်အတွက် ယူရို ၅၀ဒသမ ၂သန်း စသဖြင့် ငွေကြေးအမြောက်အမြား သုံးစွဲခဲ့ပြီး ပရီးမီးယားလိဂ်တွင် နွေဈေးကွက်အတွင်း ငွေကြေး အသုံးပြုမှု အများဆုံး အသင်းဖြစ်ခဲ့သည်။

 

မေလဲ့သင်း