“ဟားစတိုင်လ် အငြိမ့်”  ဖျော်ဖြေပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ပြသမည်

နေပြည်တော်၊ ဒီဇင်ဘာ ၂၉

 

အများပြည်သူ ပျော်ရွှင်စေရန်၊ အပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ ဟားစတိုင်လ် အငြိမ့်   ဖျော်ဖြေပွဲကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်၊ စနေနေ့ည () နာရီသတင်းအပြီးတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HD Channel မှ  ထုတ်လွှင့်ပြသမည်ဖြစ်သည်။

 

ယင်းဖျော်ဖြေမှုကို စတားကောင်းထက်က  စီစဉ်ပြီး မြန်မာ့အသ ဆိုင်းဝိုင်းကြီးအဖွဲ့၏ တီးခတ်မှုနှင့်အတူ ခေါင်းဆောင်မင်းသမီး ကြယ်စင်လင်း ၊ ရှေ့ထွက်မင်းသမီး ဝိုင်းကြာဖြူ  လူရွှင်တော်များဖြစ်ကြသည့် စတားကောင်းထက် ၊  ကောင်းမွန် ၊ ဘာမီတွန် နှင့် ချမ်းမြေ့တို့က  ဖျော်ဖြေတင်ဆက်ကြမည် ဖြစ်သည်။

 

ထိုသို့ တင်ဆက်မှုကို ၂၀၂၂ခုနှစ် ၊ ဇန်နဝါရီ  ()ရက်၊ (ဗုဒ္ဓဟူးနေ့) မွန်းလွဲပိုင်း National News အစီအစဉ်အပြီးတွင် ဒုတိယအကြိမ် ထမ်မံထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်