ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကျင်းပ

နေပြည်တော် ၄ ဇန်နဝါရီ


ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သဘင်ဆောင်၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက် အမှာစကား ပြောကြားပြီး ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်သည်။

 

DSC_1358

 


အခမ်းအနားတွင် နိုင်ငံတော်သမ္မတက မိန့်ခွန်းပြောကြားသည်။ ထို့နောက် နိုင်ငံတော်သမ္မတက ၂၀၁၈ ခုနှစ်အတွက် ချီးမြှင့်အပ်နှင်းသော တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဘွဲ့ဖြစ်သည့် သူရဘွဲ့ရရှိသူ အမှတ် (၃၅)ခြေလျင်တပ်ရင်းမှ ကြည်း-၃၂၇၆၀ ဒုတိယဗိုလ်မှူးကြီးလှထူး(ကျဆုံး)ကိုယ်စား ဇနီးဖြစ်သူ ဒေါ်သူဇာမိုးနှင့် အမှတ်(၁၁)ခြေလျင်တပ်ရင်းမှ ကြည်း-၃၄၀၂၂ ဒုတိယဗိုလ်မှူးကြီးသန့်ဇင်ဦး(ကျဆုံး)ကိုယ်စား ဇနီးဖြစ်သူ ဒေါ်ချိုချိုအောင် တို့ကို ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်သည်။

 

DSC_6769


ယင်းနောက် နိုင်ငံတော်သမ္မတသည် သူရဘွဲ့ရရှိသူများ၏ မိသားစုဝင်များနှင့်အတူ မှတ်တမ်းဓာတ်ပုံရိုက်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။


(သတင်းစဉ်)

 

555555