ဂျပန်ဝန်ကြီးချုပ်၏ အိန္ဒိယခရီးစဉ် ရွှေ့ဆိုင်း

၁၃ ဒီဇင်ဘာ

 

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ အိန္ဒိယနိုင်ငံသို့ သွားရောက်မည့် ခရီးစဉ် ရွှေ့ဆိုင်းရန် ဂျပန်အစိုးရက စီစဉ်နေသည်ဟု သိရသည်။ အာဘေးသွားရောက်မည့် အိန္ဒိယနိုင်ငံ၏ ဒေသများတွင် အကြမ်းဖက်မှု ပိုမိုပြင်းထန်လာမှုကြားတွင် ခရီးစဉ်ရွှေ့ဆိုင်းမှု အစီအစဉ် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

 

အာဘေးသည် အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာခရီးစဉ်အဖြစ် တနင်္ဂနွေနေ့တွင် ဂျပန်နိုင်ငံမှထွက်ခွာမည် ဖြစ်သောကြောင့် ခရီးစဉ်ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည်။

 

အာဘေးသည် အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒရာ မိုဒီနှင့် တွေ့ဆုံဆွေးနွေးရန်နှင့် အာသံပြည်နယ် အရှေ့မြောက်ဘက်ရှိ အဓိက မြို့တော် ဂူဝါဟာတီ အပါအဝင် နေရာများသို့ အလည်အပတ် သွားရောက်ရန် မျှော်မှန်းထားသည်။

 

သို့သော်လည်း အိန္ဒိယနိုင်ငံ၏ နိုင်ငံသားဖြစ်မှုဆိုင်ရာ ဉပဒေကို ပြင်ဆင်ဖြည့်စွက်ခြင်းသည် အာသံပြည်နယ် အကြမ်းဖက်ဆန္ဒပြမှုများ ကို ဖြစ်ပေါ်စေခဲ့သည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို