ဂျပန်တိုင်ဖွန်းမုန်တိုင်း ကယ်ဆယ်ရေး လုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ သန်း အသုံးပြုမည်

၁၆ အောက်တိုဘာ

 

 

တိုင်ဖွန်းမုန်တိုင်း ဟာဂျီဘစ် တိုက်ခိုက်မှုကြောင့် ထိခိုက်ခံစားရသော ပြည်သူများအတွက် ကယ်ဆယ်ရေး လုပ်ဆောင်ရာတွင် ဂျပန်အစိုးရက အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ သန်းခန့် အသုံးပြုမည်ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး က ဆိုသည်။

 

 

ယနေ့ကျင်းပသော အထက်လွှတ်တော် ဘဏ္ဍာရေး ကော်မတီ အစည်းအဝေး တစ်ခု၌ နိုင်ငံတော် ဘတ်ဂျတ်၏ ၂၀၁၉ သီးသန့် ရန်ပုံငွေမှ ပြန်လည်ထူထောင်ရေး လုပ်ငန်းအတွက် ရန်ပုံငွေများ ထုတ်ပေးမည်ဖြစ်ကြောင်း အာဘေးက ပြောကြားခဲ့သည်။

 

 

ဘေးအန္တရာယ်မှ လွတ်မြောက်လာသူများအတွက် ထပ်မံထောက်ပံ့မှု ပေးရန်နှင့် ကယ်ဆယ်ရေး ပစ္စည်းများ အရေးပေါ် သယ်ယူပို့ဆောင်ရေးတို့အတွက် အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ သန်း အသုံးပြုမည်ဖြစ်ကြောင်း အာဘေးက ဆိုသည်။

 

 

ရန်ပုံငွေနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ခြင်းမရှိပဲ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အားထုတ်ကြိုးပမ်း ဆောင်ရွက်ရန်နှင့် အရေးပေါ် တုံ့ပြန်ချက်နှင့် ပတ်သက်ပြီး စည်ပင်သာယာ ခွင့်ပြုရန် လိုအပ်သည့် မည်သည့်အရာမဆို အစိုးရက ဆက်လက်လုပ်ဆောင် ပေးမည်ဟု ၎င်းက ပြောကြားခဲ့သည်။

 

 

ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့၊ ကမ်းခြေစောင့်တပ်ဖွဲ့၊ မီးသတ်သမားများနှင့် ရဲတပ်ဖွဲ့ တို့ပါဝင်သည့် အင်အား ၁၁၀၀၀၀ သည် ကယ်ဆယ်ရေးနှင့် ရှာဖွေရေး လုပ်ငန်းများတွင် နေ့ရောညပါ လုပ်ဆောင်နေကြသည်ဟုလည်း အာဘေးက ဆိုသည်။

 

 

ယမန်နေ့က စီရင်စု ၁၆ ခုရှိ နေရာ ၅၈ နေရာတို့တွင် ရေလွှမ်းမိုးမှုများ အများစု လျော့ကျသွားပြီဟု အာဘေးက ပြောကြားခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို