ဂျပန်နိုင်ငံတွင် မှတ်တမ်းတင်ရလောက်သည် အထိ နေ့စဉ် ကိုဗစ်-၁၉ ကူးစက်မှု နှစ်ရက်ဆက်တိုက် များပြားလာ

တိုကျို ဇန်နဝါရီ ၂၆

 

ဂျပန်နိုင်ငံတွင် မှတ်တမ်းတင်ရလောက်သည်အထိ နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုများ နှစ်ရက်ဆက်တိုက် များပြားလာကြောင်း ဂျပန်ကျန်းမာရေး အရာရှိများက ပြောကြားလိုက်သည်။ ။

 

နိုင်ငံအတွင်း နေ့စဉ် ကိုဗစ်၁၉ ထပ်မံကူးစက်ဖြစ်ပွားမှုသည် ပထမဆုံး ၇၀၀၀၀ ကျော်ခဲ့သည်။ ၄၇၀ ဦးမှာ ပြင်းထန်သော အခြေအနေရှိပြီး ဇန်နဝါရီ ၂၅ ရက်ထက် ၂၆ ဦး တိုးလာခဲ့သည်။ တိုကျို အပါအဝင် ဂျပန်နိုင်ငံ၏ ခရိုင် ၄၇ ခု၏ သုံးပုံပုံ နှစ်ပုံခန့်သည် နေ့စဉ်ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု မှတ်တမ်းတင်ရလောက်သည် အထိ များပြားလာခဲ့သည်။

 

မြို့တော်ရှိ ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုသည် လွန်ခဲ့သောသီတင်းပတ် အလားတူရက်ထက် နှစ်ဆ နီးပါးမြင့်တက်လာခဲ့သည်။ အစိုးရသည် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကိုလျှော့ချရန် ၎င်း၏တစ်စိတ်တစ်ပိုင်း အရေးပေါ်ကန့်သတ်ချက် ကာလကို ထပ်မံတိုးလိုက်ချိန်တွင် ယခုလိုကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု မြင့်တက်သည့် အခြေအနေနှင့် ကြုံတွေ့နေရခြင်း ဖြစ်သည်။ ကန့်သတ်ချက်သည် ၁၈ ခရိုင် ကို ဖေဖော်ဝါရီ ၂၀ ရက်အထိ လွှမ်းခြုံဖြန့်ကြက်သွားမည်ဖြစ်သည်။

 

အင်န်အိတ်ချ်ကေ