ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်တဲ့ တားမြစ်ချက်တွေကို လာမယ့် အောက်တိုဘာလမှာ ရုပ်သိမ်းနိုင်

၂၃ စက်တင်ဘာ

ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ထိန်းချုပ်ရန် ပြဌာန်းထားတဲ့ နယ်စပ်ဂိတ်တွေ ပိတ်ထားတာကို နောက်လာမှာ ဖွင့်ပေးမယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

နောက်နှစ်မှာ ကျင်းပမယ့် အိုလံပစ်ပွဲတော်ပြင်ဆင်ရေးနဲ့ နိုင်ငံရဲ့ စီးပွားရေး ပြန်လည်တည်ဆောက်ရေးအတွက် နိုင်ငံကို လာရောက်မယ့် longer-term visas ရရှိထားတဲ့ နိုင်ငံခြားသားတွေကို နိုင်ငံကို ဝင်ခွင့်ပေးမှာဖြစ်ပေမယ့် လာရောက်လည်ပတ်မယ့် နိုင်ငံခြားသားတွေကိုတော့ ဗီဇာပိတ်ထားမှာဖြစ်တယ်လို့ သတင်းတွေမှာ ရေးသားထားပါတယ်။

နိုင်ငံတော်တော်များမှ နိုင်ငံသားတွေအား ဂျပန်နိုင်ငံကို လာရောက်ခွင့် ပိတ်ပင်ထားပေမယ့် စီးပွားရေး ခရီးသွားခွင့်ပြုရန် နိုင်ငံတော်တော်များများနဲ့ ဆွေးနွေးနေကြောင်း သိရပါတယ်။

ဂျပန်နိုင်ငံကို စီးပွားရေး ခရီးသွားအနေနဲ့ ဖွင့်ပေးထားပြီးသော ဒေသ ၇ ခုရှိကြောင်း၊ အဲဒီဒေသတွေထဲမှာ ထိုင်ဝမ်၊ ဗီယက်နမ်၊ ထိုင်းတို့ ပါဝင်ကြောင်း သိရပါတယ်။

MDN

ကိုးကား - AFP