ဂျပန်၊တောင်ကိုရီးယား ကုန်သွယ်ရေးအငြင်းပွားမှုဖြေရှင်းရန် နှစ်နိုင်ငံအဆင့်မြင့်အရာရှိကြီးများ တွေ့ဆုံဆွေးနွေး

၁၆ ဒီဇင်ဘာ

ဂျပန်၊တောင်ကိုရီးယား ကုန်သွယ်ရေးအငြင်းပွားမှုဖြေရှင်းရန် နှစ်နိုင်ငံအဆင့်မြင့်အရာရှိကြီးများ တိုကျိုမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

 

j2

 

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသည် အဆင့်မြင့်နည်းပညာပစ္စည်းများ တောင်ကိုရီးယားနိုင်ငံသို့ တင်ပို့မှုအပေါ် ဂျပန်နိုင်ငံက တင်းကျပ်ခဲ့ပြီးနောက်ပိုင်း ပထမဆုံး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

 

j3

 

အဆင့်မြင့်အရာရှိ အဆင့် အစည်းအဝေးပွဲကို ဂျပန်ကုန်သွယ်ရေးဝန်ကြီးဌာနတွင် ကျင်းပခဲ့သည်။

နှစ်နိုင်ငံကုန်သွယ်ရေး မူဝါဒဆိုင်ရာ ဆွေးနွေးပွဲများကို ၂၀၁၆ ခုနှစ် ဇွန်လက နောက်ဆုံးကျင်းပခဲ့ခြင်း ဖြစ်သည်။

ဂျပန်နိုင်ငံသည် လုံခြုံရေးဆိုင်ရာ အကြောင်းပြချက်များဖြင့် ဇူလိုင်လတွင် ပို့ကုန်ထိန်းချုပ်မှုကို တင်းကျပ်ခဲ့သည်။

တောင်ကိုရီးယားနိုင်ငံက ပြုလုပ်ခဲ့သည့် ကုန်သွယ်ရေးထိန်းချုပ်မှု ဝန်ထမ်း နှင့် ဉပဒေရေးဆွဲမှု တို့နှင့်ပတ်သက်ပြီး ကိန်းဂဏန်း သတ်မှတ်ချက်များ တိုးတက်မှုကို ဂျပန်တို့က အတည်ပြုရန် လိုလားသည်ဟု ဂျပန်တာဝန်ရှိသူများက ဆိုသည်။

ဂျပန်နိုင်ငံအနေဖြင့် ၎င်းတို့၏ စီမံချက်များကို လျှော့ချရန်  တောင်ကိုရီးယားနိုင်ငံဘက်က မျှော်လင့်ခဲ့သည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို