ဂန့်ဂေါမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း သင်တန်းဝင်ခွင့်များ လျှောက်လွှာခေါ်ယူ

ဂန့်ဂေါ ၁၀  အောက်တိုဘာ

 

ဂန့်ဂေါမြို့ အစိုးရစက်မှုသိပ္ပံကျောင်းက ၂၀၁၉-၂၀၁၀ ခု ပညာသင်နှစ်အတွက် AGTI ပထမနှစ် သင်တန်းသားများအား လျှောက်လွှာခေါ်ယူထားသည်။

 

ထိုသို့ လျှောက်လွှာခေါ်ယူရာတွင် မြို့ပြအင်ဂျင်နီယာသင်တန်း၊ အီလက်ထရောနစ် အင်ဂျင်နီယာ သင်တန်း၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာသင်တန်း၊ စက်မှုအင်ဂျင်နီယာသင်တန်းများ ဖွင့်လှစ်သွားမည်ဖြစ်ရာ သင်တန်းသား ၁၆၀ ဦး လက္ခံသွားမည်ဖြစ်သည်။ သင်တန်းသား ရွေးချယ်ရာ၌ တက္ကသိုလ်ဝင်တန်းအောင်မြင်သူ များအား ၄င်းတို့၏ အင်္ဂလိပ်၊ သင်္ချာ၊ နှစ်ဘာသာပေါင်းရမှတ်အပေါ်မူတည်၍ ဦးစားပေးလျှောက်ထားသည့် အစီအစဉ် အတိုင်း အဆင့်ဆင့်ရွေးချယ်ဆောင်ရွက်မည်ဖြစ်ပြီး အစိုးရနည်းပညာအထက်တန်းကျောင်း အောင်မြင် သူများအား ၄င်းတို့ အောင်မြင်ခဲ့သည့် အထူးပြုဘာသာရပ်အပေါ်မူတည်၍ စိစစ်ရွေးချယ် သွားမည်ဖြစ်ကြောင်း သိရသည်။

 

သို့ဖြစ်၍ ဂန့်ဂေါခရိုင်အတွင်းမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး AGTI ပထမနှစ်ဝင်ခွင့် လျှောက်ထားလိုသည့် ကျောင်းသား၊ ကျောင်းသူများသည် လျှောက်လွှာများ လာရောက် ထုတ်ယူနိုင်ကြပြီဖြစ်ကြောင်းနှင့် လျှောက်လွှာများကို အောက်တိုဘာ ၂၈ ရက် နေ့ နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ် ကြောင်း အဆိုပါကြေညာချက်၌ ဖော်ပြထားပြီး အသေးစိတ်သိရှိလိုပါက ဖုန်း  ဝ၉-၄၀၁၅၃၂၇၉၅ သို့ ဆက်သွယ်နိုင် ကြကြောင်း သိရှိရသည်။ 

 

(၁၄၄)