ဂါဇာကမ်းမြှောင်က နှစ်ရက်တာ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အပစ်အခတ်ရပ်ဆိုင်းရေး သဘောတူညီချက်ရရှိ

၁၄ နိုဝင်ဘာ

 

ဂါဇာကမ်းမြှောင်မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့ကစတင်ပြီး ပဋိပက္ခဖြစ်ပွားရာ  အပစ်အခတ်ရပ်ဆိုင်းရေး သဘောတူညီချက်ကို ဒီကနေ့ ရရှိခဲ့ပြီဖြစ်ပါတယ်။ 

 

1

 

အပစ်အခတ်ရပ်ဆဲရေး သဘောတူညီချက်ဟာ အီဂျစ်နိုင်ငံရဲ့ ကျိုးပမ်းမှုရလဒ်အဖြစ် ပေါ်ထွက်လာတာဖြစ်ပြီး အစ္စလမ်မစ် ဂျီဟတ် အဖွဲ့အပါအဝင် ပါလက်စတိုင်း အဖွဲ့ခွဲတွေအားလုံးပါဝင်ကြောင်း အီဂျစ်အကြီးအကဲက ပြောဆိုသလို အစ္စလမ်မစ် ဂျီဟတ် အဖွဲ့ကလည်း သဘောတူကြောင်း  AFP သတင်းဌာနကို ပြောဆိုပါတယ်။ 

 

ဂါဇာကမ်းမြှောင်ကို အစ္စရေးနိုင်ငံက လေကြောင်းတိုက်မှုကြောင့် မိသားတစ်စုတည်းကနေ မိသားစုဝင် ရှစ်ဦး သေဆုံးမှုအပါအဝင် လူပေါင်း ၃၄ ဦးသေဆုံးခဲ့ပါတယ်။  ဒါဇင်နဲ့ချီတဲ့ ပါလက်စတိုင်းနဲ့ အစ္စရေးတွေ ဒဏ်ရာရရှိခဲ့ပြီး နောက် ကြာသပတေးနေ့ ဒေသစံတော်ချိန် မနက် ၅ နာရီခွဲမှာ အပစ်အခတ်ရပ်ဆဲရေး သဘောတူညီချက် သက်ဝင်လာတာဖြစ်ပါတယ်။ 

 

5

 

ဂါဇာရှိ ထိပ်တန်းစစ်သွေးကြွတစ်ဦးကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့ရာတွင်  နှစ်ဖက် အပြန်အလှန်ပစ်ခတ်ရာ အစ္စရေးဘက်ကို အမြှောက်အချက်ပေါင်း ၃၅၀ ကျော် ကျရောက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။ 

 

MDN
ကိုးကား - AFP