ဂျိမ်းစ်ဘွန်းနှင့် Game of Thrones တို့တွင် ပါဝင်သရုပ်ဆောင်ခဲ့သူ ဒိုင်ယာနာရစ် အသက် ၈၂ နှစ်တွင် သေဆုံး

၁၂  စက်တင်ဘာ

ဂျိမ်းစ်ဘွန်းမင်းသမီးအဖြစ်သရုပ်ဆောင်ခဲ့သူ၊ The Avengers နဲ့ နာမည်ကျော် Game of Thrones စီးရီးတို့မှာ ပါဝင်သရုပ်ဆောင်ခဲ့သူမင်းသမီးကြီး ဒိမ်းဒိုင်ယာနာရစ်ဂျဟာ အသက် ၈၂ နှစ်မှာ သေဆုံးသွားပြီပဲဖြစ်ပါတယ်။ သူဟာ ကင်ဆာရောဂါနဲ့ သေဆုံးခဲ့ပြီး သေဆုံးချိန်မှာတော့ မိသားစုဟာ အနားမှာရှိနေခဲ့တယ်လို့ သိရပါတယ်။

ဒိုင်ယာနာရစ်ဂျ် ကင်ဆာရောဂါခံစားနေရကြောင်း မတ်လအတွင်းကမှစပြီး သိရှိခဲ့ရတာပါ။ သူဟာ ၁၉၆၀ ပြည့်နှစ် ဝန်းကျင်တွေမှာ The Avengers မှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး Game of Thrones စီးရီးမှာတော့ အိုလန်နာတိုင်ရဲလ် အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ သူဟာ ရုပ်ရှင်သက်တမ်းတစ်လျှောက်မှာ ဘတ်ဖ်တာ၊ တိုနီနဲ့ အမ်မီဆု အပါအဝင် တခြားဆုတွေကို ပိုင်ဆိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ Game of Thrones စီးရီးမှာတော့ သူဟာ တိုင်ရဲလ်အိမ်တော်က မျိုးနွယ်စုခေါင်းဆောင်အကြီးအကဲအဖြစ် သရုပ်ဆောင်ခဲ့ပြီး လုပ်ကွက်တွေလည်း အများကြီး ရခဲ့ပါတယ်။ သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ နာမည်ကျော်ရုပ်ရှင်ကားတွေ ကတော့ The Hospitali A Midsummer Night's Dreamı A little Night Musici Evil Under The Sun နဲ့ A Good Man in Africa တို့ပဲ ဖြစ်ပါတယ်။

စကိုင်းနယူးစ်