ဂျာမနီတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသွားအလာကန့်သတ်ပိတ်ဆို့မှု မတ်လ ၇ရက်အထိ သက်တမ်းတိုးမြှင့်ချမှတ်မည်

၁၁  ဖေဖော်ဝါရီ

 

ဂျာမနီဝန်ကြီးချုပ် အိန်ဂျယ်လာ မာကယ်နှင့် ပြည်နယ် ၁၆ ခုမှ ခေါင်းဆောင်များက ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသွားအလာကန့်သတ်ပိတ်ဆို့မှုကို သီတင်းပတ်သုံးပတ်ကြာ မတ်လ ၇ ရက်အထိ သက်တမ်းတိုးမြှင့်ချမှတ်ရန် ယမန်နေ့ကဆုံးဖြတ်ခဲ့ကြသည်။

 

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၈၀၇၂ ဦး ထပ်မံတွေ့ရှိကြောင်း ရောဘတ်ကို့ရှ်အင်စတီကျု့ က ဗုဒ္ဓဟူးနေ့ကအတည်ပြုပြောကြားထားသည်။

 

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၂ ဒသမ ၃ သန်းနီးပါး ရှိလာသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် ထပ်မံသေဆုံးသူ ၈၁၃ ဦး ရှိပြီး သေဆုံးသူပေါင်း ၆၂၉၆၉ ဦး အထိ ရှိသည်။

 

ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများကို ထိန်းချုပ်ရန်ကြိုးစားနေပြီး အချို့နိုင်ငံများတွင် ကိုဗစ်ကာကွယ်ဆေးများထိုးနှံနေပြီ ဖြစ်သည်။

 

ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်ကာကွယ်ဆေး ၂၄၂ မျိုးထုတ်လုပ်နေပြီး ၎င်းတို့အနက် ကာကွယ်ဆေး ၆၃ မျိုးကို ဂျာမနီ၊ တရုတ်၊ ရုရှား၊ ဗြိတိန်နှင့် အမေရိကန်အပါအဝင် နိုင်ငံများတွင် လက်တွေ့စမ်းသပ်မှုများ လုပ်ဆောင်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဖေဖော်ဝါရီ ၉ ရက်နေ့က ထုတ်ပြန်ခဲ့သော သတင်းများအရသိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို