ဂျာမနီနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုကြောင့် ၂၄၆ ဦး သေဆုံး

ဧပြီ

 

ဂျာမနီနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုကြောင့် ပြီးခဲ့သည့် ၂၄ နာရီ အတွင်း ကူးစက်ခံရသူ ၄၉၇၄ ဦးရှိရာ ကြာသပတေးနေ့တွင် ၁၀၈၂၀၂ ဦး ရှိလာကြောင်း ကူးစက်ရောဂါများဆိုင်ရာ Robert Koch Institute (RKI) မှ အချက်အလက်များအရ သိရသည်။

 

ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးဆိုင်ရာ တာဝန်ရှိသော ဖက်ဒရယ်အစိုးရ အေဂျင်စီနှင့် သုတေသနဌာန  (RKI) အချက်အလက်များအရ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၂၄၆ ဦးရှိရာ ၂၁၀၇ ဦး ရှိကြောင်း သိရသည်။

 

ဂျာမနီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှင့်ပတ်သက်ပြီး ကောက်ချက်ချရန် စောလွန်းသေးကြောင်း (RKI)  ဉက္ကဌ Lothar Wieler  က ဆိုသည်။ ကိုဗစ်-၁၉ အစီရင်ခံစာများတွင် တိုးတက်မှုရှိမရှိ  လာမည့်ရက်အနည်းငယ် စောင့်ကြည့်ရန် လိုအပ်သည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို