ဧရာဝတီတိုင်းဒေသကြီးအတွင်း ယာဉ်မတော်တဆမှု ၂၀ဝ၀ ကျော်ဖြစ်ပွား သေဆုံးသူမြင့်တက်လာ

ပုသိမ် ၁၈ ဇန်နဝါရီ 


ဧရာဝတီတိုင်းဒေသကြီး ၂၀၁၈ ခုနှစ်အတွင်း ယာဉ်မတော်တဆဖြစ်ပွားမှု ၂၀ဝ၀ ကျော်ဖြစ်ပွားခဲ့ပြီး ယခင်နှစ်နဲ့ နှိုင်းယှဉ်ကြည့်ပါက အမှုတိုးလာတာမရှိသော်လည်း သေဆုံးမှုမြင့်တက်လာကြောင်း ပုသိမ်မြို့အမှတ်(၁၃) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ(ဧရာဝတီတိုင်း)ရုံးမှ သိရသည်။


"ဧရာဝတီတိုင်းတစ်ခုလုံးအနေနဲ့ ၂၀၁၈ ခုနှစ်အတွင်းမှာ ယာဉ်မတောတဆမှုက တိုလာတာမရှိဘူး ဒါပေမဲ့ သေဆုံးမှုဟာ မြင့်တက်လာတာကိုတွေ့ရတယ် ယာဉ်မတော်တဆ ဖြစ်ပွားရတဲ့အကြောင်းအရင်းတွေက လူကြောင့် ယာဉ်ကြောင့် သဘာဝဘေး လမ်းကြောင့်ဖြစ်တဲ့အထဲမှာမှ ယာဉ်ကိုမဆင်မခြင်မောင်းနှင်ပြီးတော့ ပိုမိုဖြစ်ပွားတာကိုတွေ့ရတယ် ဒါ့အပြင်  မဆင်မခြင်မောင်နှင်းတာ၊ မူးယစ်ပြီးမောင်နှင်တာတွေက ပိုဖြစ်များတာ ကိုတွေရတယ် ဖြစ်ပွားမှုအနေနဲ့ကတော့ တိုးလာတာမရှိဘူးလို့ " ဧရာဝတီတိုင်းဒေသကြီး အမှတ်(၁၃) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲရုံးမှ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးလှအေးက ပြောသည်။


ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၁၇ ခုနှစ်တွင် ယာဉ်မတော်တဆမှု ၂၀၃၃ မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၃၅၅၀ ဦးရှိကာ သေဆုံးသူ ကျား၊ မ ၄၀၄ ဦးရှိခဲ့ကြောင်း ၂၀၁၈ ခုနှစ်တွင် ယာဉ်မတော်တဆမှု ၂၀၃၃  မှုရှိခဲ့ကာ ယာဉ်မတော်တဆမှုကြောင့် ဧဏ်ရာရရှိသူ ၃၄၄၆ ဦး၊ သေဆုံးသူကျားမ ၄၁၉ ဦးရှိခဲ့ကာ ယခင်နှစ်ထပ်နှိုင်းယှဉ်ကြည့်ပါက သေဆုံးသူ ၁၅ ဦး မြင့်တက်လာတာကို တွေ့ရှိရကြောင်း အမှတ်(၁၃) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။


ယာဉ်မတော်တဆမှုများကို ကြည်လျင် မော်တော်ဆိုင်ကယ်များအား မဆင်မခြင်မောင်းနှင်တာ ကိုပိုမိုတွေ့ရှိရသဖြင့် ကျေးလက်တောရွာအထိ ပညာပေးလုပ်ငန်းများကို ဆောင်ရွက်နေသလို ပြည်သူများအနေဖြင့် မော်တော်ယာဉ်များ မောင်းနှင်ရာတွင် မဆင်မခြင်မမောင်းကြရန်နှင့် ဆိုင်ကယ်များ မောင်းပါက ဦးထုပ်ဆောင်း ကာ သက်မှတ်ထားသော ယာဉ်စည်းကမ်းလမ်းစည်းကမ်းများကို လိုက်နာစေလိုကာ စစ်ဆေးတွေ့ရှိပါ အမှုပေါ်မှုတည်ပြီး ဒဏ်ကြေးငွေ သိုမဟုတ် ၂၀၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ၎င်းကပြောသည်။


ယာဉ်မတော်တဆမှုမှ ၂၀၁၈ ခုနှစ်အတွင်း ပုသိမ်ခရိုင်အတွင်း၌ ၅၇၁ မှု အများဆုံးဖြစ်ပွားပြီးဖြစ်ပြီး ဒုတိယအနေဖြင့် မအူပင်ခရိုင်တွင်  ၅၇၀ မှာ ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ရာမှ တိုင်းတစ်ခုလုံးအနေဖြင့် ယာဉ်မတော်တဆမှုကြောင့် ၃၄၄၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စည်းကမ်းပျက်ယာဉ် များအားတရားစွဲတင်မှု ၁၀ဝ၆၂ မှု ဒဏ်ငွေအားဖြင့် ၁၉၇၆၇၀ဝ၀ဝ ကျပ် ရှိခဲ့ကြောင်း သိရသည်။


ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းစေရန်အတွက် ၂၀၁၈ ခုနှစ်အတွင်း လူစည်ကားသော မြို့နယ်များတွင် မီးပွိုင့်တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သလို ယခုနှစ်တွင်လည်း ဆက်လက်တပ်ဆင်ပေးရန် စီမံဆောင်ရွက်လျှက်ရှိကြောင်း ယင်းအပြင် ၂၀၁၈ ခုနှစ်အတွင်း၌ ကျောင်း၊ ရပ်ကွက်၊ ဌာနဆိုင်ရာ အစိုးရဝန်ထမ်းများအား အသိပညာပေးဟောပြောခြင်း ၄၅၅၆၈ ကြိမ်ပြုလုပ်ခဲ့သလို လက်ကမ်းစာဆောင်၇၅၇၀ ကို ဖြန့်ဝေးပေးနိုင်ခဲ့ကြောင်း အမှတ်(၁၃) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲရုံးမှ သိရသည်။


မင်းထွန်းဇော်