ဧရာတီမြစ်ရေသည် ရွှေကူမြို့တွင် လာမည့်တစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်

နေပြည်တော် ၁၄ ဇူလိုင်

 

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့တွင် မြစ်ရေကြီးမှု အခြေအနေသတင်းကို ထုတ်ပြန်ရာ ယနေ့မွန်းလွဲ ၂ နာရီခွဲ တိုင်းထွာချက်အရ ဧရာတီမြစ်ရေသည် ရွှေကူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီး နောက် (၁)ရက်အတွင်း (၃)လက်မခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

 

အကြံပြုချက်အနေဖြင့် ရွှေကူမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အသိပေးနှိုးဆော်ထားသည်။

 

MDN