Equality Myanmar ဘားအံမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ လှူဒါန်း

မြဝတီ ၆ ဇွန်

 

ထိုင်းနိုင်ငံမှ မြန်မာ့ရွှေ့ပြောင်းလုပ်သားများအား မေ ၁ ရက်မှစပြီး လက်ခံခဲ့ရာ ယနေ့တွင်လည်း မြဝတီမြို့ အမှတ်(၂) ချစ်ကြည်ရေးတံတားတွင် ပြန်လည်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ထားရှိသော အသွားအလာ စောင့်ကြပ်ကြည့်ရှုရေးစခန်းများတွင် အသုံးပြုနိုင်ရန် Equality Myanmar ဘားအံမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများကို ယနေ့ ၁၁ နာရီခွဲက မြဝတီမြို့ NLD ရုံးသို့ လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါပစ္စည်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ခရိုင်အဆင့် ကော်မတီနာယက ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က လက်ခံရယူပေးခဲ့ပြီး Equality Myanmar  အဖွဲ့နှင့်အတူ မဲကနယ်တိုးချဲ့ကွက်သစ်၊ ရွှေမြဝတီ Facility Quarantine Centre နှင့် BCF ဇုန်သို့ Mask များ၊ ဆပ်ပြာခဲများ၊ face Shield များ၊ PPE ဝတ်စုံများနှင့် Goggles များကို လိုက်လံလှူဒါန်းခဲ့ကြောင်း သိရသည်။

 

မန်းသန်းရွှေမြင့် (ပြန်/ဆက်)