ဧည့်လမ်းညွှန်ကောင်းများ၏ ကူညီမှုကြောင့် မင်းကွန်းဒေသမှ ပေါင်းမိုးလှည်း (ပန်းမိုးလှည်း) ဝန်ဆောင်မှုလုပ်ငန်းအဆင်ပြေ

မန္တလေး ၁၄ ဒီဇင်ဘာ

 

မင်းကွန်းဒေသတွင် နိုင်ငံတကာခရီးသွား ဧည့်သည်များကို ပေါင်းမိုးလှည်းဖြင့် ပို့ဆောင်ပေးသည့် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်လျက်ရှိရာ ဧည့်လမ်းညွှန်ကောင်းများ၏ ကူညီမှုဖြင့် ပုံမှန်ဝင်ငွေ ဖော်ဆောင်နိုင်ကြောင်း ပေါင်းမိုးလှည်းဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူ ဦးဝင်းနိုင်ထံမှ သိရသည်။

 

2

 

မင်းကွန်းဒေသမှ ပေါင်းမိုးလှည်းများကို ပုံတော်စေတီအနီးရှိ လက်ပံပင်အောက်တွင် ထိုးထားကြသည်။ ယခင်က ပေါင်းမိုးလှည်းများစွာရှိသော်လည်း ယခုအခါတွင်လှည်း တစ်စီးသာရှိပြီး ကြိုတင်မှာထားပါက လှည်းများစီစဉ်ပေးလေ့ရှိကြောင်း၊ မင်းကွန်းဒေသရှိ ပေါင်းမိုးလှည်း ဝန်ဆောင်မှုလုပ်ငန်းမှာ ဧည့်လမ်းညွှန်ကောင်းမှသာ အလုပ်ဖြစ်လေ့ရှိကြောင်း၊ ဧည့်လမ်းညွှန်များမှ နိုင်ငံတကာ ခရီးသွားဧည့်သည်များကို ပေါင်းမိုးလှည်းစီးနိုင်ကြောင်းနှင့် စီးကြည့်ရန် တိုက်တွန်းနှိုးဆော်ပေးမှသာ ခရီးသွားဧည့်သည်များက လှည်းစီးကြကြောင်းနှင့် ပေါင်းမိုးလှည်း တစ်ခေါက်လျှင် ခရီးသွားဧည့်သည် လေးဦးအထိ တင်ဆောင်ပြီး ငွေကျပ်ရှစ်ထောင်မှ တစ်သောင်းအထိရရှိကြောင်း သိရပါတယ်။     

 

မြန်မာနိုင်ငံခရီးသွားရာသီဟု သတ်မှတ်ထားသော စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများကို ဘာလေးဘာ ဟုခေါ်ဆိုကြပြီး အဆိုပါကာလအတွင်း နိုင်ငံတကာခရီးသွားဧည့်သည်များ အများဆုံး ဝင်ရောက်ကြကြောင်းနှင့် နိုဝင်ဘာလအတွင်းက နိုင်ငံတကာခရီးသွားဧည့်သည် များပြားစွာ ဝင်ရောက်ခဲ့ကြကြောင်း သိရသည်။ 

 

2

 

မန္တလေးမြို့ရောက် နိုင်ငံတကာခရီးသွားများမှာ မင်းကွန်း၊ အမရပူရ၊ အင်းဝ၊ စစ်ကိုင်း စသည့် မြို့လေးမြို့မှ သမိုင်းဝင်နေရာများကို သွားလာလေ့ရှိသည်။ မင်းကွန်းဒေသသို့သွားသော နိုင်ငံတကာ ခရီးသွားဧည့်သည်များမှာ နိုင်ငံခြားသား ခရီးသွားဧည့်သည်များအတွက် အထူးပြေးဆွဲသော ရေယာဉ်များဖြင့် သွားလာကြသည်။ လက်ရှိကာလ မင်းကွန်ဒေသသို့ နိုင်ငံတကာခရီးသွား ဧည့်သည်များ လာရောက်မှုများပြားလာသည့်အတွက် ပေါင်းမိုးလှည်းဝန်ဆောင်မှုလုပ်ငန်း အဆင်ပြေလျက်ရှိကြောင်း သိရသည်။     

 

တိမ်တမန်