ဒုတိယဝန်ကြီး ဦးမြင့်ကြိုင် ကန်ကြီးထောင့်နှင့် ပုသိမ်မြို့နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းထုတ်ပေးဆောင်ရွက်မှု ကြည့်ရှုအားပေး 

နေေပြည်တော် ၁၅ ဇူလိုင်

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်အတူ ဇူလိုင် ၁၃ ရက် နံနက်ပိုင်းက ကန်ကြီးထောင့်မြို့နယ်၊ ဆပ်ကွင်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဆပ်ကွင်းကျေးရွာအုပ်စုအတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးခြင်း လုပ်ငန်းအား ကိုဗစ်-၁၉ ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

 

၁န

 

ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဆောင်ရွက်ပြီးဖြစ်သော နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို သက်ဆိုင်ရာပြည်သူတစ်ဦးချင်းထံ ပေးအပ်ကြသည်။

 

hh

 

အဆိုပါကွင်းဆင်းဆောင်ရွက်မှုသည် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူတိုင်း မဲပေးနိုင်ရေးအတွက် လိုအပ်သော နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက် ထုတ်ပေးခြင်းဖြစ်ရာ အသက် (၁၈) နှစ်ပြည့်ပြီးသူ (၁၃) ဦး၊ အသက် (၁၀) နှစ်မှ (၁၈) နှစ်ပြည့်ပြီး၍ ကတ်ပြားလဲလှယ်သူ (၃၅) ဦး၊ ပျောက်ဆုံး/ပျက်စီးသဖြင့် မိတ္တူလျှောက်ထားသူ (၃၄) ဦး စုစုပေါင်း ဒေသခံပြည်သူ (၈၂) ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ခဲ့သည်။

 

has

 

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား လာရောက်လျှောက်ထား ဆောင်ရွက်သူများအား ကိုဗစ်-၁၉ ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ပေးနေမှုကို သွားရောက်ကြည့်ရှုကာ လာရောက်ဆောင်ရွက်သူများကို လုပ်ငန်းဆိုင်ရာ အခက်အခဲများမေးမြန်း၍ တာဝန်ရှိသူများအား လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဆောင်ရွက်ပြီးဖြစ်သော နိုင်ငံသား စိစစ်ရေးကတ်ပြားများကို သက်ဆိုင်ရာ ပြည်သူတစ်ဦးချင်းထံ ပေးအပ်ကြသည်။ ယခုဆောင်ရွက်မှုတွင် အသက် (၁၀) နှစ်ပြည့်ပြီးသူ () ဦး၊ အသက် (၁၈) နှစ်ပြည့်ပြီးသူ () ဦး၊ အသက် (၁၀)နှစ်မှ (၁၈)နှစ်ပြည့်ပြီး၍ ကတ်ပြားလဲလှယ်သူ () ဦး၊ ပျောက်ဆုံး/ပျက်စီးသဖြင့် မိတ္တူလျှောက်ထားသူ (၁၀) ဦး စုစုပေါင်း ဒေသခံပြည်သူ (၃၁) ဦးအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ခဲ့သည့်အပြင် အိမ်ထောင်စု (၁၅) စုကိုလည်း အိမ်ထောင်စု လူဦးရေစာရင်းများ ထုတ်ပေးနိုင်ခဲ့သည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပုသိမ်မြို့ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး၌ အလုပ်သမားမှတ်ပုံတင်လက်မှတ် လာရောက်လျှောက်ထားသူများအား တာဝန်ရှိသူများက အထောက်အထား စာရွက်စာတမ်းများ စိစစ်ဆောင်ရွက်ပေးနေမှု အခြေအနေကိုလည်းကောင်း၊ လူမှုဖူလုံရေးဆေးရုံ(ကျောက်ငုံ) တာဝန်ရှိသူများက အကျုံးဝင် လုပ်သားလူနာများအား ကျန်းမာရေးစောင့်ရှောက် ကုသပေးနေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးကာ လုပ်ငန်းလိုအပ်ချက်များကို မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးရုံး၌ အလုပ်သမားရေးရာဆိုင်ရာ ဦးစီးဌာန()ခုမှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ကိုဗစ်-၁၉ ကာလအတွင်း အလုပ်သမားရေးရာဆိုင်ရာ ကိစ္စရပ်များ၊ စက်ရုံအလုပ်ရုံများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေမှု၊ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာအလုပ်သမားများအား ပြန်လည်လက်ခံဆောင်ရွက်နေမှုနှင့် ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးက တိုင်းဒေသကြီးအတွင်း အလုပ်သမားရေးရာဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ဦးစီးဌာန ()ခုမှ တိုင်းတာဝန်ခံများက လုပ်ငန်းဆောင်ရွက်နေမှုများကို လည်းကောင်း ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးသည် ပုသိမ်မြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တိုင်းဒေသကြီးဦးစီးမှူးရုံး၌ တိုင်း/ခရိုင်/မြို့နယ် ဦးစီးမှူးများနှင့်တွေ့ဆုံကာ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူတိုင်း မဲပေးနိုင်ရေးအတွက် လိုအပ်သော နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို လုပ်ငန်းပမာဏအရ ဦးစားပေး နယ်မြေသတ်မှတ်ကာ စနစ်တကျ ကွင်းဆင်းဆောင်ရွက်ကြရေး၊ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ စာရင်းအရ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ဖြည့်သွင်းဖော်ပြနိုင်မှု မရှိသည့် စာရင်းများအား ပြန်လည်တိုက်ဆိုင် ဖော်ထုတ်ရွေးချယ်ရေး၊ ရရှိသည့် စာရင်းအား ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာ ပြန်လည်ဖြည့်သွင်းနိုင်ရေးအတွက် ကွင်းဆင်းကောက်ယူကြရေးနှင့် အမှန်တကယ်မပြု လုပ်ရသေးသူများအား ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးကြရေး၊ လုပ်ငန်းလိုအပ်ချက်များအား တိုင်းဒေသကြီး အစိုးရအဖွဲ့ထံတင်ပြ၍ အခြားသောဆက်စပ်ဌာနများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ကြရေး၊ ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးတို့အတွက် အထူးဂရုစိုက် ဆောင်ရွက်ကြရေး ဆွေးနွေးမှာကြားကာ တိုင်းဒေသကြီးဝန်ကြီးနှင့် တာဝန်ရှိသူများ၏ တင်ပြဆွေးနွေးချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။   

 

သတင်းစဉ်