ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း အာဆီယံ + ၃ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ၏ Teleconference ဖြင့်ပြုလုပ်သည့် အစည်းအဝေးသို့ တက်ရောက်

နေပြည်တော် ၃ ဧပြီ

 

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် အာဆီယံနိုင်ငံများနှင့် တရုတ်၊ ဂျပန်၊ ကိုးရီးယားနိုင်ငံတို့မှ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယံ+၃ မက်ခရို စီးပွားရေးသုတေသနရုံးတို့မှ တာဝန်ရှိသူများပါဝင်သော Teleconference ဖြင့်ပြုလုပ်သည့် အာဆီယံ+၃ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီး အကဲများ အထူးအစည်းအဝေးသို့ ပါဝင်တက်ရောက်သည်။

 

၁၂၃၄၃၆၈၇၅

 

အစည်းအဝေးတွင် အာဆီယံ + ၃ မက်ခရိုစီးပွားရေးသုတေသနရုံး (AMRO) မှ အာဆီယံဒေသတွင်း ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာအခြေအနေများ၊ ငွေကြေးဈေးကွက် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကိစ္စရပ်များနှင့် ကမ္ဘာ့အနှံ့ပြန့်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ၏ သက်ရောက်မှုကြောင့် ဖြစ်ပေါ်လျက်ရှိသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများအပေါ် သုံးသပ်တင်ပြခဲ့ကြပြီး၊ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံအလိုက် ဘဏ္ဍာရေးဆိုင်ရာ မူဝါဒချမှတ် ဆောင်ရွက်ထားရှိမှုများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး၊ ကုသရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ စီစဉ်ထားရှိမှုများ၊ SME လုပ်ငန်းများ အရှိန်မပျက်ဆောင်ရွက်နိုင်ရေးအတွက် အတိုးနှုန်းသက်သာသောချေးငွေများ ပံ့ပိုးပေးနိုင်ရေး အစီအစဉ်များအား  ဆွေးနွေးခဲ့ကြသည်။ အဆိုပါအစည်းအဝေးမှာ ပုံမှန်အားဖြင့် အလှည့်ကျအိမ်ရှင်နိုင်ငံတွင် ကျင်းပပြုလုပ်သော အစည်းအဝေးဖြစ်သော်လည်း ကိုဗစ်-၁၉ အခြေအနေကြောင့် Teleconference ဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး အစည်းအဝေးမှာ (၂)နာရီခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်