ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းများသို့ ကြည့်ရှုစစ်ဆေး

နေပြည်တော်  ၁၁  နိုဝင်ဘာ 

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းသည် နိုဝင်ဘာ ၉ ရက်တွင် မကွေးတိုင်းဒေသကြီး မကွေးပင်မဓာတ်အားခွဲရုံ အစည်းအဝေးခန်းမ၌ စီမံကိန်းတာဝန်ရှိသူက မကွေးပင်မ ဓာတ်အားခွဲရုံအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ၆၆ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံစီမံကိန်း လုပ်ငန်းများအား ဒုတိယဝန်ကြီးကဓာတ်အား စနစ်တည် ငြိမ်ကောင်းမွန်စေရေး၊ ဗို့အား ပြည်ဝစွာဖြန့်ဖြူးပေးနိုင်ရေး ဓာတ်အားပျောက်ဆုံးမှုလျော့ နည်းစေရေးအလေးထား ဆောင်ရွက်ရန် မှာကြားခဲ့ပြီးဓာတ်အားခွဲရုံSwitchYardအတွင်း ၃၃ ကေဗွီ Switch Bay တိုးချဲ့ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့် ဓာတ်အားပေး စက်ရုံစီမံကိန်း ပြီးစီးပါက ထွက်ရှိလာမည့် ဓာတ်အားများကို ချိတ်ဆက်ဆောင်ရွက်သွား မည့်အခြေအနေများကို လှည့်လည်ကြည်ရှု့ စစ်ဆေးသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့ ရွှေတောင်ဓာတ်အားပေး စက်ရုံသို့ရောက်ရှိရာ အစည်းအဝေးခန်းမတွင် ဓာတ်အားပေး စက်ရုံဝင်းအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ၂၈ မဂ္ဂါဝပ်ဓာတ်အားပေး စက်ရုံစီမံကိန်းမှ တာဝန်ရှိသူများက စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့် စီမံကိန်း လုပ်ငန်းများဆောင်ရွက်မည့် အခြေအနေအားလည်းကောင်း၊ တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာက ပဲခူးတိုင်းဒေသကြီး အနောက်ဘက်ခြမ်းအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှု၊ တိုးတက်သုံးစွဲလာမည့်အခြေအနေနှင့် တိုင်းဒေသကြီးအတွင်း ဓာတ်အားပိုမိုတိုးတက် ဖြန့်ဖြူးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများအား ရှင်းလင်း တင်ပြကြပြီး တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များအား မှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်  မြေကြီးကျောက်သားခိုင်ခံ့စေရန် မြေထိန်းနံရံပြုလုပ် ဆောင်ရွက်နေမှုနှင့် ဓာတ်အားပေးစက်ရုံ Switchyard နှင့် ဓာတ်အား ပေးစက်ရုံအသစ် အကောင်အထည်ဖော် ဆောင်ရွက်မည့် နေရာများအားလှည့် လည်ကြည် ရှု့စစ်ဆေးသည်။

 

အဆိုပါ ၆၆ မဂ္ဂါဝပ် မကွေးသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း နှင့် ၂၈ မဂ္ဂါဝပ် ရွှေတောင်သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းများမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားကို ၂၀၂၀ ခုနှစ် နွေရာသီအမီ ထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေးအတွက်  စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

(သတင်းစဉ်)