ဒုတိယဝန်ကြီး ဦးအောင်ထူး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ ပထမအကြိမ် Mission အဖြစ် လာရောက်သည့် Head of Region, Asia and Pacific Trade Policy Review Division , Mr. Masahiro Hayafuji နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်  ၂   ဒီဇင်ဘာ

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ ပထမအကြိမ် Mission အဖြစ် လာရောက်သည့် Head of Region, Asia and Pacific Trade Policy Review Division ဖြစ်သူ Mr. Masahiro Hayafuji နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် ဝန်ကြီးရုံး ဧည့်ခန်းမ (၂) ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ၂၀၂၀ ခုနှစ် အောက်တိုဘာ ၁၂ ရက်မှ ၁၄ ရက်အထိ ကျင်းပသွားမည့် မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒ လေ့လာဆန်းစစ်ခြင်းလုပ်ငန်း အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကနဦးကောက်ခံထားသည့် သတင်းအချက်အလက်များ၊ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုမူဝါဒဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊ WTO ၏ Notification တွင် မြန်မာနိုင်ငံမှ လိုက်ပါဆောင်ရွက်နေမှု၊ ကုန်သွယ်မှုတွင် ဖြေလျှော့ဆောင်ရွက်ပေးနေမှု၊ E-commerce အပိုင်းတွင် နည်းပညာဆိုင်ရာအကူအညီ လိုအပ်ချက်များ၊ Aid for Trade နှင့်ပတ်သက်၍ WTO မှ ကူညီဆောင်ရွက်နေမှုအခြေအနေများနှင့် နည်းပညာအကူအညီများ ဆက်လက်ပံ့ပိုးပေးသွားနိုင်ရေး တို့ကို ဆွေးနွေးခဲ့ကြသည်။ 

 

(သတင်းစဉ်)