ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး ဒေါ်ခင်သက်ဌေး နေပြည်တော်၌ ကြိုတင်ဆန္ဒမဲပေး

နေပြည်တော် ၃၀ အောက်တိုဘာ

 

ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဇနီး ဒေါ်ခင်သက်ဌေး တို့သည် ယနေ့နံနက်ပိုင်းတွင် နိုဝင်ဘာ ၈ ရက်၌ ကျင်းပမည့် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဇမ္ဗူသီရိ မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ် နေရာများအတွက်  ကြိုတင်ဆန္ဒမဲပေးကြသည်။

 

u2

 

ဒုတိယသမ္မတနှင့် ဇနီးတို့သည် ယနေ့နံနက်၈ နာရီတွင် နေပြည်တော်၊ မြို့မဈေးဓမ္မာရုံ၌ ဖွင့်လှစ်ထားသည့် ဇမ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး သို့ လာရောက်၍ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန် ချက်များနှင့်အညီ ကြိုတင်ဆန္ဒမဲပေးရန် မှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုးကြသည်။

 

ယင်းနောက် ဒုတိယသမ္မတနှင့် ဇနီးတို့သည် ဆန္ဒမဲလက်မှတ်များ၌ လျှို့ဝှက် ဆန္ဒမဲ ပေးကြပြီး ကြိုတင်ဆန္ဒမဲပုံးထဲသို့ ဆန္ဒမဲလက်မှတ်များ ထည့်သွင်းကြသည်။

 

Crd>Myanmar President Office