ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကမ္ဘာ့ငြိမ်းချမ်းရေးဖက်ဒရေးရှင်း (Universal Peace Federation)  ဥက္ကဋ္ဌ     Dr. Thomas G. Walsh ဉီးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်  ၂၀   ဇန်နဝါရီ 

ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူသည် ကမ္ဘာ့ငြိမ်းချမ်းရေးဖက်ဒရေးရှင်း (Universal Peace Federation)ဥက္ကဋ္ဌ Dr. Thomas G. Walsh ဉီးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ၌ ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် ကမ္ဘာ့ငြိမ်းချမ်းရေးဖက်ဒရေးရှင်းမှ ကျင်းပပြုလုပ်မည့် ကမ္ဘာ့ထိပ်သီးအစည်းအဝေး ၂၀၂၀ သို့ မြန်မာနိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ရေး၊  တတိယအကြိမ် အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေးအား မြန်မာအစိုးရနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးဖက်ဒရေးရှင်းတို့ပူးပေါင်း၍ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လတွင် မြန်မာနိုင်ငံ၌ လက်ခံကျင်းပရေးတို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။ 

 

‌ေ

 

တွေ့ဆုံဆွေးနွေးပွဲသို့ သာသာနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးအောင်လှထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)