ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဒီဇင်ဘာ

အတားအဆီးကင်းရေးမျှော်မှန်းလို့ မသန်းစွမ်းလူ့အခွင့်အရေးဖော်ဆောင်စို့ဆိုသည့် ဆောင်ပုဒ်ဖြင့်ကျင်းပသည့် ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန- (MICC-2) ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကားပြောကြားသည်။

အခမ်းအနားသို့ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီဒုတိယ ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် နိုင်သက်လွင်၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သံတမန်များ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်၊ ရင်ခွင်မဲ့ကလေးများ လျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းတို့မှ တာဝန်ရှိသူများ၊ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်ပြိုင်ပွဲများတွင် ဆုရရှိကြသူများ၊ မသန်စွမ်းကျောင်းများနှင့် မသန်စွမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာန ကြည့်မြင်တိုင်မျက်မမြင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက အနာဂတ်လမ်းတေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။

 

နမမ

 

ယင်းနောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက မိန့်ခွန်းပြောကြားရာတွင် မသန်စွမ်းသူများသည် အခြားသူများနှင့်နှိုင်းယှဉ်ပါက လူမှုရေး၊ ကျန်းမာရေးနှင့် စီးပွားရေးအခြေအနေတို့တွင် အဆိုးဝါးဆုံးပုံစံများကို ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊ ယင်းအဆိုးဝါးဆုံးပုံစံများအပေါ် ကျား၊မဖြစ်ခြင်းနှင့် လူနည်းစုတိုင်းရင်းသားဖြစ်ခြင်း စသည့်အချက်များထပ်ပေါင်းထည့် လိုက်ပါက မသန်စွမ်းသူများသည် ပိုမိုဆိုးရွားသည့်အခြေအနေတို့ကို ကြုံတွေ့နေရသည်ကို လေ့လာတွေ့ရှိရပါကြောင်း။

ထိုသို့ မသန်စွမ်းသူများရင်ဆိုင်ကြုံတွေ့နေရသည့် မညီမျှမှုများလျှော့ချနိုင်ရေးအတွက် ရုပ်ပိုင်းဆိုင်ရာနှင့် နည်းပညာပိုင်းဆိုင်ရာပတ်ဝန်းကျင် လက်လှမ်းမီရရှိနိုင်ရေးမှာ အလွန်အရေးကြီးပါကြောင်း၊ သို့သော်လက်ရှိအချိန်အထိ ကျေးလက်ဒေသတွင်နေထိုင်သည့် မသန်စွမ်းသူများ၊ လူနည်းစုတိုင်းရင်းသား မသန်စွမ်းသူများအနေဖြင့် ရုပ်ပိုင်းဆိုင်ရာနှင့် နည်းပညာပိုင်းဆိုင်ရာ ပတ်ဝန်းကျင်ကို လက်လှမ်းမီရရှိနိုင်ရေးအတွက် အတားအဆီးများ ပိုမိုကြုံတွေ့လျက်ရှိပါကြောင်း။

 

ိ်တန

 

လက်လှမ်းမီရယူသုံးစွဲနိုင်ခြင်းသည် အခြားသူများနည်းတူ သွားလာနိုင်ရေးနှင့် ပါဝင်နိုင်ရေးတို့အတွက် မသန်စွမ်းတစ်ဦးချင်းစီ၏ လိုအပ်ချက်နှင့်ကိုက်ညီသည့် ရုပ်ပိုင်းဆိုင်ရာ (သို့မဟုတ်) နည်းပညာပိုင်းဆိုင်ရာ အထောက်အကူပြုပစ္စည်းကိရိယာနှင့် အစီအစဉ်တို့ကို ပံ့ပိုးပေးခြင်းဖြစ်ပါကြောင်း။

ကုလသမဂ္ဂ၏ ၂၀၃၀ အစီအစဉ်တွင် မသန်စွမ်းသူများ၏ လက်လှမ်းမီရယူသုံးစွဲနိုင်ခြင်းကို ဦးတည်ချက်ပန်းတိုင် ()ရပ်ဖြင့် ဖော်ပြထားပါကြောင်း၊ ယင်းတို့မှာ မသန်စွမ်းသူများကို ဦးတည်သော ပညာရေးအထောက်အပံ့အစီအစဉ်များ တိုးမြှင့်ပေးခြင်းနှင့် တည်ဆောက်ပေးခြင်း၊ မသန်စွမ်းသူများ လက်လှမ်းမီသည့် သယ်ယူပို့ဆောင်ရေး ပံ့ပိုးစီစဉ်ပေးခြင်းနှင့် အများပြည်သူသုံးနေရာများအား မသန်စွမ်းသူများ လက်လှမ်းမီနိုင်ရန် လိုအပ်ချက်များကို ပံ့ပိုးပြောင်းလဲမှုပြုပေးခြင်းတို့ပင် ဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ လူ့အသိုက်အဝန်းအတွင်း အပြည့်အဝပါဝင်ဆောင်ရွက်ခွင့် သေချာစေရေးအတွက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ()ရက်တွင် အတည်ပြု လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ယင်းနောက် ကွန်ဗင်းရှင်းနှင့်အညီ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ(၂၀၁၅)နှင့် မသန်စွမ်းသူများ၏ အခွင့်အရေးနည်းဥပဒေ (၂၀၁၇)တို့ကို ပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း၊ ယင်းဥပဒေ၊ နည်းဥပဒေတို့ကို ထိထိရောက်ရောက် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် အမျိုးသားအဆင့်ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းကော်မတီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ အဆင့်ကော်မတီများကိုလည်း ဖွဲ့စည်းနိုင်ခဲ့ပါကြောင်း။

အမျိုးသားကော်မတီအစည်းအဝေးကို ၂၀၁၇ မှ ၂၀၁၉ ခုနှစ်အထိ ()ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ယင်းအစည်းအဝေးများက နေမသန်စွမ်းသူများ၏ ပညာရေး၊ အလုပ်အကိုင်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုရေးနှင့်ဥပဒေပိုင်းဆိုင်ရာ အခြေခံလိုအပ်ချက်အရင်းအမြစ်များကို ဖြည့်ဆည်းနိုင်မည့်စီမံကိန်းများ၊ လုပ်ငန်းစဉ်များအတွက် ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ခဲ့ပါကြောင်း။

ထို့အပြင် အမျိုးသားကော်မတီနှင့် လုပ်ငန်းကော်မတီတို့ကို အထောက်အကူဖြစ်စေရန် ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်ရေးရာ၊ သုတေသန၊ စောင့်ကြည့်အကဲဖြတ်၊ မသန်စွမ်းအမျိုးသမီးနှင့် ကလေးသူငယ်များရေးရာ၊ နည်းပညာနှင့်လက်လှမ်းမီရရှိနိုင်ရေး၊ သဘာဝဘေးနှင့် အခြားအရေးပေါ် အခြေအနေ၊ တရားမျှတမှုရရှိပိုင်ခွင့် စသည့် ဆပ်ကော်မတီ ()ခုကို ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

နိုင်ငံတော် အစိုးရအနေဖြင့် မသန်စွမ်းမှု အမျိုးအစားအလိုက် အရေးကိစ္စတို့ကို ကြိုးပမ်းဆောင်ရွက်ခဲ့ရာတွင် ကလေးသူငယ်၊ အမျိုးသမီး၊ မသန်စွမ်းသူများဆိုင်ရာ ကွန်ဗင်းရှင်းများကို မျက်မမြင်စာနှင့် ပုံနှိပ်ထုတ်ဝေခဲ့ပြီး မျက်မမြင်အနှိပ်စနစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကိုလည်း ဆက်စပ်ဝန်ကြီးဌာနများ၊ Japan Heart အဖွဲ့တို့နှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။

အကြားအာရုံ ချို့ယွင်းမသန်စွမ်းသူများအတွက်လည်း နားမကြားသူများ သတင်းအချက်အလက်များ လက်လှမ်းမီရရှိနိုင်ခွင့်သေချာစေရေး စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး လက်သင်္ကေတပြဘာသာစကား ကူညီပံ့ပိုးသူများ သင်တန်းတို့ကိုလည်း စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း တွေ့မြင်ရမည်ဖြစ်ပါကြောင်း။  

နည်းဥပဒေများကို မိတ်ဆက်ဖြန့်ချိနိုင်ခြင်း၊ ကိုယ်အင်္ဂါချို့ယွင်းမသန်စွမ်းသူများအတွက် မှိုစိုက်ပျိုးရေး အသိပညာပေးသင်တန်းတို့ကို ဖွင့်လှစ်ပေးခြင်း၊ မသန်စွမ်းမှုဆိုင်ရာ ဝေါဟာရ အသုံးအနှုန်းများ လက်စွဲလမ်းညွှန်စာအုပ် ပြုစုထုတ်ဝေခြင်း၊ မသန်စွမ်းသူများအား အလုပ်ခန့်ထားခြင်းဆိုင်ရာ မြန်မာနိုင်ငံရှိ အလုပ်ရှင်များအတွက် လက်စွဲစာအုပ်ကို ဖြန့်ချိခြင်းတို့ကိုလည်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ထို့ပြင်Nippon Foundation နှင့် ပူးပေါင်းပြီး မသန်စွမ်းသူများအတွက် Information, Communication, Technology Training Center ကိုလည်း ဖွင့်လှစ်ပြီး သင်တန်းများ ပို့ချဆောင်ရွက်ပေးနေပါကြောင်း။

မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် ပေါ်ထွက်လာစေရေးအတွက်လည်း မသန်စွမ်းမှုအဆင့်ကို သတ်မှတ်ဖော်ထုတ်မည့် အသက်အရွယ်အလိုက်မေးခွန်းလွှာများကို ပြုစုထားရှိပြီး ဖြစ်ပါကြောင်း။

မသန်စွမ်းသူများ အလွယ်တကူ သွားလာနိုင်ရေးနှင့်စပ်လျဉ်းပြီး ရန်ကုန်မြို့တွင် “Future We Want” စမ်းသပ်စီမံကိန်းနှင့် အများပြည်သူသုံးမော်တော်ယာဉ်များနှင့် လူသွားလမ်းများတွင် မသန်စွမ်းသူများ အသုံးပြုနိုင်ရေး အဆင့်မြှင့်တင်ရန် အစိုးရနှင့် ကျွမ်းကျင်သူများ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နေပြည်တော်တွင် မြို့မဈေးနှင့် ရေပန်းဥယျာဉ်တို့တွင် အလားတူ စမ်းသပ်စီမံကိန်း ()ခုကို မသန်စွမ်းသူများအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း။

နိုင်ငံတော်အနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတို့ကိုလည်း မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၈ ခုနှစ်က First Global Disability Summit ကိုတက်ရောက်ခဲ့ပြီး မသန်စွမ်းသူများအတွက် ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်နှင့် တရားမျှတမှု ရရှိပိုင်ခွင့် (Access to Justice) သေချာစေရေး အပါအဝင်အရေးတကြီး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို လေ့လာသိရှိနိုင်ခဲ့ပါကြောင်း၊ ယင်းကတိကဝတ်များ၊ လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း အပြင်ဒေသတွင်း သဘောတူညီချက်များကိုလည်း လိုက်နာအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အထူးသဖြင့် မသန်စွမ်းသူများအတွက် ခိုင်မာသည့် လုပ်ငန်းစဉ်တစ်ရပ်ကို ရေရှည်ဆောင်ရွက်သွားနိုင်ရန် မျှော်မှန်းပြီး အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၀-၂၀၂၅)(မူကြမ်း)ကိုလည်း ရေးဆွဲလျက်ရှိပါကြောင်း။

ယခုနှစ် ဆောင်ပုဒ်အရ မသန်စွမ်းသူများအနေဖြင့် အခွင့်အရေးများကို အများနည်းတူ ရရှိခံစားနိုင်ရေးတွင် ဟန့်တားနေသည့် အတားအဆီးများကို ဖယ်ရှားပြီး အနာဂတ်တွင် အားလုံးပါဝင်သည့် လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာရေးအတွက် မိမိတို့အားလုံး အတူတကွ လက်တွဲဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

အနာဂတ်ကာလတွင် မသန်စွမ်းသူများအနေဖြင့် အများပြည်သူဆိုင်ရာ နေရာများကို အဟန့်အတားမရှိ အလွယ်တကူသွားလာ ရောက်ရှိနိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်း အပြင်အလုပ်အကိုင် ရရှိမှုတို့ကို ခွဲခြားဆက်ဆံခံရခြင်းမရှိဘဲ ရရှိနိုင်ရေး၊ ပညာသင်ကြား ခွင့်ရရှိနိုင်ရေး စသည်တို့ကို လက်လှမ်းမီရရှိနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ အပါအဝင် လူသားအားလုံး လက်လှမ်းမီပါဝင်နိုင်မည့် အနာဂတ်လူ့အဖွဲ့အစည်း တစ်ရပ်ဖြစ်ပေါ်လာရေး ဆောင်ရွက်ရာတွင် မိမိတို့ တစ်ဦးတစ်ယောက်ချင်းစီတွင် တာဝန်ရှိပါကြောင်း၊ အားလုံးတက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း။

နိဂုံးချုပ်အနေဖြင့် မသန်စွမ်းမှုသည် လူ့အဖွဲ့အစည်းက သတ်မှတ်ထားရှိသည့် အချက်တစ်ခုသာဖြစ်ပြီး၊ အမှန်တကယ်တွင် မသန်စွမ်းမှုသည် လူ့အဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေသည့် အကြောင်းအရာတစ်ခုမဟုတ်ဘဲ မသန်စွမ်းမှုဆိုင်ရာအရေးကိစ္စတို့ကို လျစ်လျူရှုထားခြင်းနှင့် မသန်စွမ်းသူများကို ချန်လှပ်ထားခြင်းသည်သာလျှင် လူ့အဖွဲ့အစည်း၏ ရေရှည်တည်တံ့မှုရှိသည့် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်ကို လျှောက်လှမ်းရာတွင် ထိခိုက်နှောင့်နှေးကြန့်ကြာ စေနိုင်သည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မသန်စွမ်းသူများ အားလုံးတန်းတူ အခွင့်အရေးရရှိစေရန် ယခုနှစ်အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့၏ ဆောင်ပုဒ်ဖြစ်သည့်အတားအဆီးကင်းရေး မျှော်မှန်းလို့-မသန်စွမ်း လူ့အခွင့်အရေး ဖော်ဆောင်စို့ဆောင်ပုဒ်နှင့်အညီ မသန်စွမ်းသူများ၏ အခွင့်အရေးတို့ကိုအားလုံး ပူးပေါင်းပြီး မြှင့်တင်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ပေးပို့သည့်သဝဏ်လွှာကို ယူနီဆက်ဖ် (မြန်မာ) ဌာနေကိုယ်စားလှယ် Ms. June Kunugiu က ဖတ်ကြားသည်။

ယင်းနောက် ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ပြိုင်ပွဲများတွင် ဆုရရှိကြသူများကို ဆုများကို ပေးအပ်ချီးမြှင့်ရာကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတက အလုပ်အကိုင် အခွင့်အလမ်းထူးချွန်ဆုနှင့် အလွတ်တန်းဆောင်းပါးပြိုင်ပွဲ (ဝန်ကြီးဌာန) ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းကအလွတ်တန်း ဆောင်းပါးပြိုင်ပွဲ (ပြင်ပ) ပထမ၊ဒုတိယနှင့် တတိယဆုရရှိကြသူများကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်က အဆိုပြိုင်ပွဲ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ပန်းချီပြိုင်ပွဲပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများကို လည်းကောင်း၊ ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်မြတ်အေးက စစ်တုရင်ပြိုင်ပွဲပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများနှင့် Global It Challenge The Good Award ရရှိကြသူများကိုလည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် မသန်စွမ်းသူများ၏ လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဗွီဒီယိုကို ပြသပြီး မသန်စွမ်းအမျိုးသား၊ အမျိုးသမီးငယ်များက တေးသီချင်းများဖြင့် သရုပ်ဖော်ကပြ ဖျော်ဖြေကြသည်။

ယင်းနောက် မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးမြတ်သူဝင်းက ကျေးဇူးတင်စကား ပြောကြားသည်။

 

ါနမ

 

ထို့နောက် ဒုတိယသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ယူနီဆက်ဖ် (မြန်မာ) ဌာနေကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်အထွေထွေအတွင်းရေးမှူးတို့သည် ဒုတိယဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ သံတမန်များနှင့်လည်းကောင်း၊ မသန်စွမ်းအဖွဲ့ အစည်းများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်လည်းကောင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မသန်စွမ်းအဖွဲ့အစည်းများနှင့် မသန်စွမ်းသူများ၏လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများအားလိုက်လံ ကြည့်ရှုအားပေးကြသည်။

 

ါန၃၄

 

မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ၁၉၉၄ ခုနှစ်မှ စတင်ပြီး နှစ်စဉ်အစဉ်အလာမပျက် ကျင်းပလာခဲ့ရာ ယခု ၂၀၁၉ ခုနှစ်တွင် (၂၆)ကြိမ်ရှိပြီဖြစ်ကြောင်း သိရသည်။

သတင်းစဉ်