ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန် အစည်းအဝေးကျင်းပရန် ခေါ်ယူ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားလွှတ်တော် ကြေညာချက်အမှတ် (၃/၂၀၂၀) ၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလဆန်း ၂ ရက်

(၂ဝ၂ဝ ပြည့်နှစ်၊ ဇွန်လ ၂၁ ရက်) ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇) ကြိမ်မြောက်

ပုံမှန်အစည်းအဝေးကျင်းပရန် ခေါ်ယူခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၅၅၊ ၂၀၁၂ ခုနှစ်၊ အမျိုးသား လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၅ နှင့် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေများ၏ နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ (ခ) တို့အရ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို နေပြည်တော်၌ ၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၉ ရက် (၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၃ ရက်) တနင်္လာနေ့၊ နံနက် (၁၀) နာရီအချိန်တွင် စတင်ကျင်းပရန်ခေါ်ယူကြောင်း ကြေညာအပ်ပါသည်။

                                                                                                                         (ပုံ) မန်းဝင်းခိုင်သန်း

                                                                                                                                     ဥက္ကဋ္ဌ