ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး

နေပြည်တော် ၂၅ မတ်

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

0925423957

 

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်()မှ ဦးကျော်ထွေး၏ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးပိုင် သင်္ဘောကျင်းများအနက် ရှေးအကျဆုံးနှင့် အကြီးဆုံးဖြစ်သော ဒလသင်္ဘောကျင်းရှိ အဆောက်အအုံများအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ရှေးဟောင်းသမိုင်းဝင် ကမ္ဘာ့အမွေအနှစ် သတ်မှတ်နိုင်ရေး ဆောင်ရွက်ပေးရန်နှင့် သမိုင်းတန်ဖိုးကြီးလှသော သင်္ဘောကျင်းတစ်ခုလုံးကို ပြုပြင်မွမ်းမံထိန်းသိမ်းကာ ရေကြောင်းသမိုင်းပြတိုက် သို့မဟုတ် ဒေသဖွံ့ဖြိုးရေးအတွက် အကျိုးရှိမည့် စီမံကိန်းများ ချမှတ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက ဒလသင်္ဘောကျင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိသည့်အပြင် ဆက်စပ်ဧရိယာများတွင် ဒေသဖွံ့ဖြိုးရေးအတွက် အကျိုးရှိမည့် အစီအစဉ်များကိုပါ ဆက်လက်ဆောင်ရွက်သွားရန် ရှိသည့်အတွက် ဒလသင်္ဘောကျင်းရှိ အဆောက်အအုံများကို ရှေးဟောင်းသမိုင်းဝင်ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ရန် အစီအစဉ်မရှိပါကြောင်း၊ သို့ရာတွင် လက်ရှိဂိုထောင်အဖြစ် အသုံးပြုနေသော ရှေးဟောင်းအဆောက် အဦတွင် Blue Plaque ကပ်ထားနိုင်ရေးနှင့် သင်္ဘောကျင်းအတွင်း ရေကြောင်းသမိုင်း ပြတိုက်အဖြစ်ထားရှိရေး အစီအမံများနှင့် ပတ်သက်၍ Feasibility Study ဆောင်ရွက်မည့် ကုမ္ပဏီအဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ Yangon Heritage Trust နှင့် မဲဆန္ဒနယ်ကိုယ်စားပြု ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များနှင့် ညှိနှိုင်းတိုင်ပင် သွားစေမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်()မှ ဦးတင်ဝေ၏ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကလွင်နယ်မြေရှိ တက္ကသိုလ်ရပ်ကွက်နှင့် ပုလဲဒီပါရပ်ကွက်တို့တွင် နေထိုင်သော ပြည်သူများသည် တရားဝင် အခွန်အခများပေးဆောင် နေကြသော်လည်း ရပ်ရွာစည်ပင်ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်၏ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်မှုမရှိခြင်း၊ ဘဏ္ဍာငွေလျာထားမှု မရှိခြင်းတို့ကြောင့် အခက်အခဲ ဒုက္ခမျိုးစုံခံစားနေရပါသဖြင့် မည်သည့်အချိန်တွင် နိုင်ငံတော် ဘဏ္ဍာဖြင့် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော် ထည့်သွင်းဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်းက တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မြိတ်ခရိုင်၊ မြိတ်မြို့၊ ကလွင်နယ်မြေရှိ တက္ကသိုလ်ရပ်ကွက်နှင့် ပုလဲဒီပါရပ်ကွက်တို့တွင် နေထိုင်သော ပြည်သူများ၏ အကျိုးငှာဖွံ့ဖြိုးရေး လုပ်ငန်းများအား ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဦးစားပေးအဆင့်လိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း ဖြေကြားသည်။

 

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်း၏ ချင်းပြည်နယ်၊ ပလက်၀မြို့၊ အမှတ်() အခြေခံပညာ အထက်တန်း ကျောင်းအဆောက်အဦဟောင်းကို ပြန်လည်ပြုပြင်မွမ်းမံပေးရန်နှင့် RCC နှစ်ထပ်ကျောင်းဆောင် အသစ်တစ်ခုကို လာမည့်ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အခြေခံပညာဦးစီးဌာန အနေဖြင့် ပလက်၀မြို့၊ အမှတ်() အခြေခံပညာ အထက်တန်းကျောင်းတွင်ရှိသည့် ပေ(၃၉၀× ၃၀) သွပ်မိုး၊ ပျဉ်ကာ()ထပ်ဆောင်()ဆောင်အား ပြင်ဆင်နိုင်ရန်အတွက် လိုအပ်သည့် ရန်ပုံငွေကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြင်ဆင်ထိန်းသိမ်းရေးစရိတ် (၀၄၀၂) အဆောက်အဦ ရန်ပုံငွေ ခေါင်းစဉ်အောက်မှ မြို့ နယ်ဦးစားပေး အစီအစဉ်အရ စိစစ်လျာထားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ပေ(၁၃၀ × ၃၀) RCC ()ထပ်ဆောင် ()ဆောင်အသစ် ဆောက်လုပ်နိုင်ရန်အတွက် လိုအပ်သည့် ရန်ပုံငွေကို ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း တည်ဆောက်ရေးစာရင်းတွင် မြို့နယ်ဦးစားပေး အစီအစဉ်အရ စိစစ်၍ ထည့်သွင်းလျာထားစီစဉ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်()မှ ဦးလှဦး၏ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ ပေါက်ပင် ကျေးရွာအုပ်စု၊ နဂါးတွင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)အား အခြေခံပညာအထက်တန်း ကျောင်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မှ အခြေခံပညာ အထက်တန်း ကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် သတ်မှတ်သည့်မူသည် အထက်တန်းအဆင့် ပညာသင်ယူနေသည့် ကျောင်းသား၊ ကျောင်းသူ (၂၀၀)နှင့်အထက်ရှိခြင်း သို့မဟုတ် သွားလာရေးခက်ခဲသည့် တောင်တန်း၊ မြစ်၊ ချောင်း၊ ပေါများသည့် ဒေသ သို့မဟုတ် မြေပြန့်ဒေသဖြစ်ပါက အနီးဆုံး အထက်တန်းအဆင့်သင်ကျောင်းနှင့် (၁၀)မိုင် အထက်ကွာဝေးရမည် ဖြစ်ပါကြောင်း။

 

မုံရွာမြို့နယ်၊ နဂါးတွင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)အား ၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်တွင် ဦးစားပေးကျောင်းအနေဖြင့် အဆင့်တိုးမြှင့်ပေးရန် စိစစ်ရာ အထက်တန်းအဆင့် ကျောင်းသားဦးရေ စုစုပေါင်း (၁၃၂) ဦး ရှိသည့်အတွက် သတ်မှတ်ဦးရေ (၂၀၀)ကို မပြည့်မီပါကြောင်း၊ အကွာအဝေးသည်လည်း (၁၀)မိုင် ရှိရမည်ဖြစ်သော်လည်း ()မိုင်သာ ရှိသည့်အတွက် သတ်မှတ်ချက် ()ခုစလုံးနှင့် ကိုက်ညီခြင်းမရှိပါကြောင်း၊ ထို့ကြောင့် ကျောင်းအဆင့်တိုးမြှင့်ပေးရန် ဦးစားပေးစာရင်းတွင် ပါဝင်ခြင်းမရှိပါကြောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ဖြစ်သည့်အတွက် အထက်တန်းပညာရပ်များကို ဆက်လက်သင်ယူနိုင်သည့် အခွင့်အလမ်းရှိပါကြောင်း ဖြေကြားသည်။

 

အလားတူ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်()မှ ဦးမြမင်းဆွေ၏ ပခုက္ကူမြို့တွင် ဖြတ်သန်းစီးဆင်းလျက်ရှိသော ရွှေချောင်းချောင်းကို ရေလမ်းကြောင်းတည်ငြိမ်စေပြီး ရေတိုက်စား၊ ကမ်းပြိုခြင်းမှ ကာကွယ်ရန် အမှတ်()ရပ်ကွက်တွင် ကမ်းထိန်းနံရံ တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက လည်းကောင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်()မှ ဦးဘွဲခိန်း၏ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ဆလဲင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)တွင် RC နှစ်ထပ် ကျောင်းဆောင် အသစ်ကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်()မှ ဦးကျော်တုတ်၏ ကိုယ်ပိုင်ကျောင်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များ စနစ်တကျ၊ စည်းကမ်းတကျရှိကြောင်း သက်ဆိုင်ရာအဆင့်ဆင့်မှ မည်သို့ကြီးကြပ်တင်ပြကာ မည်သို့သဘောထားမှတ်ချက် အကြောင်းကြားထားကြောင်း သိရှိလိုခြင်းမေးခွန်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါက်တာဝင်းမြင့်၏ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ လက်ဆက်ကျေးရွာအုပ်စု၊ စိန်ကန့်လန့်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်း (RTC) ကျောင်းမြေနေရာကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးပြီး (၆၀×၃၀) ပေ RC တစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀)မှ ဦးဝင်းကြိုင်၏ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ကျေးနီအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)အား အခြေခံပညာအထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ဖွင့် လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်()မှ ဦးဝေစိန်အောင်၏ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းဝင်းခြံ ပတ်လည်အား အုတ်တံတိုင်း ကာရံပေးရန် သို့မဟုတ် လုံခြုံခိုင်မာသော ခြံစည်းရိုး တစ်မျိုးမျိုးကာရံပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက လည်းကောင်း ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

 

ထို့ပြင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်()မှ ဦးရှန်အောရ်၏ မြန်မာ့အားကစား အဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် မည်သို့ဆောင်ရွက်နေသည်ကို သိရှိလိုခြင်းမေးခွန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်()မှ ဒေါက်တာဇော်လင်းထွဋ်၏ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့၊ ခုတင်(၁၀၀)ဆံ့ ခရိုင်ပြည်သူ့ဆေးရုံကြီးအား ခုတင် (၂၀၀)ဆံ့ ဆေးရုံအဆင့်သို့ တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်()မှ ဦးဌေးဦး၏ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ သူနာပြု နှီးနွှယ်ကွင်းဆင်းလေ့ ကျင့်သင်တန်းကျောင်းကြီးကို သူနာပြုသင်တန်းကျောင်းကြီးအဖြစ် အမည်ပြောင်းလဲ သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် ရှိပါကမည်သည့်အချိန်၌ ပြောင်းလဲပေးမည်ကို သိရှိလိုခြင်း မေးခွန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်()မှ ဦးမာန်လောမောင်း၏ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှ (၂၃)မိုင်၊ အေးသာယာကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာန(ခွဲ) အား ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ချထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်()မှ ဒေါက်တာ စန်းမောင်မောင်၏ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဥသာမြို့သစ် အားကစားကွင်းအား တိုင်းအဆင့် အားကစားကွင်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

 

ထို့နောက် အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီဝင် ဒေါ်လှဌေး (ခေါ်) ဒေါ်အုန်းကြည်က ကျန်းမာရေးမှူး ကောင်စီဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်းသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဆိုပါဥပဒေကြမ်းကို တစ်ပိုဒ်ချင်းစီအလိုက် အမျိုးသား လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုသည်။

 

ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာ မြလေးစိန်က အဆိုပါ ဥပဒေကြမ်းကို ပြင်ဆင်ထားသည့်အတိုင်း အမျိုးသားလွှတ်တော်က အတည်ပြုပေးရန် အဆိုတင်သွင်းရာ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်()မှ ဦးကိုကိုနိုင်က ထောက်ခံသည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ယင်းအဆိုကို အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူ မရှိသည့်အတွက် ကျန်းမာရေးမှူးကောင်စီ ဥပဒေကြမ်းသည် ပြင်ဆင်ထားသည့်အတိုင်း အတည်ဖြစ်ကြောင်း ကြေညာသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါက်တာ မျိုးအောင်က ကြက်ခြေနီ အမှတ်အသား အသုံးပြုခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းသည်။

 

ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုပါဥပဒေကြမ်းကို တစ်ပိုဒ် ချင်းစီအလိုက် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုသည်။

 

ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြ လေးစိန်က အဆိုပါဥပဒေကြမ်းကို ပြင်ဆင်ထားသည့်အတိုင်း အမျိုးသားလွှတ်တော်က အတည်ပြုရန် အဆိုတင်သွင်းရာ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်()မှ ဦးကိုကိုနိုင်က ထောက်ခံသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ယင်းအဆိုကို အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူရာ သဘောမတူသူမရှိသည့်အတွက် ကြက်ခြေနီအမှတ်အသား အသုံးပြုခြင်းဆိုင်ရာ ဥပဒေကြမ်းသည် ပြင်ဆင်ထားသည့်အတိုင်း အတည်ဖြစ်ကြောင်း ကြေညာသည်။

 

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်()မှ ဦးမောင်မောင်အုန်း၏ မြန်မာနိုင်ငံတွင် နှစ်စဉ် ဓာတ်ဆီတန်ချိန် ()သန်းကျော်ကို ပြည်ပမှ တင်သွင်းခဲ့ရာ ယင်းဓာတ်ဆီနှင့်ရောသုံးသည့် အီသနော လောင်စာဆီကို ပြည်တွင်း၊ အရက်ချက် စက်ရုံများမှ ပြောင်း၊ ဆန် စသည့် ကုန်ကြမ်းများကို အခြေခံကာ ထုတ်လုပ်နိုင်ပြီး၊ ဘေးထွက်ပစ္စည်းများမှလည်း တိရစ္ဆာန်အစာများနှင့် ဇီဝဓာတ်ငွေ့၊ ဇီ၀မြေဩဇာအဖြစ် အသုံးပြုနိုင်ရန်နှင့် ကုန်သွယ်မှုလိုငွေ (Trade deficit) ကိုလျော့နည်းစေရန်အတွက် သဘာဝပတ်ဝန်းကျင်အထောက်အကူပြု၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သော အီသနော (ခေါ်) ရေမဲ့အရက်ကို သင့်တော်မည့်  ရာခိုင်နှုန်း အချိုးအဆအား ဓာတ်ဆီဖြင့် ရောနှော သုံးနိုင်ရန်အတွက် လုပ်ငန်းရှင်များအား လုပ်ပိုင်ခွင့်အမိန့် ထုတ်ပြန်ပေးခြင်း (Mandate)ကို ပြည်ထောင်စုအစိုးရမှ အမြန်ဆုံး စီစဉ်ချမှတ်ဆောင်ရွက်သင့်ပါကြောင်း ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်()မှ ဦးဝင်းဇော်က အဆိုသည် တစ်နိုင်ငံလုံးရှိ အီသနောရော ဓာတ်ဆီလောင်စာ သုံးစွဲသည့် စက်အမျိုးမျိုးကို အသုံးပြုနေသည့် ပြည်သူများနှင့် ရောင်းဝယ်ဖောက်ကားသူများကို အကျိုးသက်ရောက်စေမည် ဖြစ်ပါကြောင်း၊ ထို့ပြင် အစိုးရအနေဖြင့် အဆိုကို အကောင်အထည်ဖော်သည့်အခါတွင် လက်ရှိမူဝါဒများ၊ ကျင့်သုံးဆဲဥပဒေများနှင့်အညီ လုပ်ငန်းရှင်များအား လုပ်ပိုင်ခွင့်အမိန့်ကို အမြန်ဆုံးစီမံချမှတ် ဆောင်ရွက်နိုင်ရေးသည် လက်တွေ့ဖြစ်နိုင်ချေ ရှိ၊ မရှိကို သုံးသပ်ရမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။

 

ထို့နောက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြန်လည်ဖြေရှင်းဆွေးနွေးရာတွင် အဆိုနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိကအဖွဲ့အစည်းများကို အီသနော (ခေါ်) ရေမဲ့အရက်အား သင့်တော်မည့် ရာခိုင်နှုန်းအချိုးအစပ်ဖြစ်သည့် ရာခိုင်နှုန်းနှင့် ၁၀ ရာခိုင်နှုန်းကို ဓာတ်ဆီဖြင့် ရောနှောသုံးရန် လုပ်ပိုင်ခွင့်အမိန့်ကို ၂၀၀၉ ခုနှစ်ကတည်းက ထုတ်ပြန်ဆောင်ရွက်ထားပြီးဖြစ်ခြင်း၊ လက်ရှိ အခြေအနေတွင်လည်း နည်းပညာစံချိန်စံညွှန်းနှင့် ကိုက်ညီအောင် ဆောင်ရွက်အဆိုပြုလျှောက်ထားလာမည့် ကိစ္စရပ်တိုင်းအား စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှု ရှိ၊ မရှိ စိစစ်ပြီးနောက် ခွင့်ပြုရန် အခွင့်အလမ်းများရှိနေပြီ ဖြစ်ခြင်းတို့ကြောင့် အစိုးရအနေဖြင့် ယင်းလုပ်ပိုင်ခွင့်အမိန့်ကို ထပ်မံထုတ်ပေးရန် လိုအပ်ခြင်းမရှိပါသောကြောင့် အဆိုကို အမျိုးသားလွှတ်တော်က မှတ်တမ်းတင်ပေးနိုင်ပါရန် ရှင်းလင်းတင်ပြအပ်ပါကြောင်း  ပြောကြားသည်။

 

ယင်းနောက် အဆိုရှင် ဦးမောင်မောင်အုန်းက အဆိုနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ်ကိုသာ လက်ခံလိုပါကြောင်းပြောကြားသည်။

 

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အဆိုကို အတည်ပြုရန် စက်ခလုတ်အသုံးပြု၍ လျှို့ဝှက်စွာ ဆန္ဒပြုသည့်နည်းလမ်းဖြင့် ဆောင်ရွက်ရာ ထောက်ခံမဲ ၃၆ မဲ၊ ကန့်ကွက်မဲ ၉၄ မဲနှင့် ကြားနေမဲ ၂၆ မဲဖြစ်၍ ကန့်ကွက်မဲများသဖြင့် ဦးမောင်မောင်အုန်း၏ အဆိုကို အတည်မပြုကြောင်း ကြေညာသည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာတွင် ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီ ၂၇ ရက်မှ မတ် ၂၅ ရက်အထိ အစည်းအဝေးကျင်းပရက် (၁၃)ရက်အတွင်း အမျိုးသားလွှတ်တော်၏ ဆောင်ရွက်ချက်များ အနေဖြင့် မေးခွန်းမေးမြန်း ခြင်းကဏ္ဍတွင် လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူလူထု၏ အကျိုးအလို့ငှာ အမျိုးသားလွှတ်တော်သို့ ကြယ်ပွင့်ပြမေးခွန်း (၁၀၅)ခုနှင့် ကြယ်ပွင့်မပြမေးခွန်း (၂၄၄)ခုတို့ကိုမေးမြန်းခဲ့ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းသည့် မေးခွန်းများအပေါ် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များက လွှတ်တော်တွင် နှုတ်ဖြင့်ဖြေကြားခြင်း၊ စာဖြင့်ပေးပို့ဖြေကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း။

 

အဆိုတင်သွင်းခြင်းကဏ္ဍတွင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်()မှ ဦးမောင်မောင်အုန်း၏ မြန်မာနိုင်ငံတွင် နှစ်စဉ် ဓာတ်ဆီတန်ချိန် ()သန်းကျော်ကို ပြည်ပမှ တင်သွင်းခဲ့ရာ ယင်းဓာတ်ဆီနှင့်ရောသုံးသည့် အီသနော လောင်စာဆီကို ပြည်တွင်း၊ အရက်ချက် စက်ရုံများမှ ပြောင်း၊ ဆန် စသည့် ကုန်ကြမ်းများကို အခြေခံကာ ထုတ်လုပ်နိုင်ပြီး၊ ဘေးထွက်ပစ္စည်းများမှလည်း တိရစ္ဆာန်အစာများနှင့် ဇီဝဓာတ်ငွေ့၊ ဇီ၀မြေဩဇာအဖြစ် အသုံးပြုနိုင်ရန်နှင့် ကုန်သွယ်မှုလိုငွေ (Trade deficit) ကို လျော့နည်းစေရန်အတွက် သဘာဝပတ်ဝန်းကျင် အထောက်အကူပြု၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သော အီသနော (ခေါ်) ရေမဲ့အရက်ကို သင့်တော်မည့်  ရာခိုင်နှုန်း အချိုးအဆအား ဓာတ်ဆီဖြင့် ရောနှောသုံးနိုင်ရန်အတွက် လုပ်ငန်းရှင်များအား လုပ်ပိုင်ခွင့်အမိန့် ထုတ်ပြန်ပေးခြင်း (Mandate)ကို ပြည်ထောင်စုအစိုးရမှ အမြန်ဆုံး စီစဉ်ချမှတ်ဆောင်ရွက် သင့်ပါကြောင်း ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်သို့တင်သွင်းခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း၊ ပြည်ထောင်စုအဆင့်အဖွဲ့ အစည်းဝင်က ပြန်လည်ဖြေရှင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အဆိုကို လွှတ်တော်က အတည်မပြုကြောင်း ကြေညာခဲ့ပါကြောင်း။

 

ဥပဒေကြမ်းတင်သွင်းခြင်း ကဏ္ဍအနေဖြင့် အမျိုးသားလွှတ်တော်တွင်စတင် ဆွေးနွေးနိုင်ရန် ပေးပို့ထားသည့် မြန်မာနိုင်ငံ ဆက်သွယ်ရေးကော်မရှင် ဥပဒေကြမ်း၊ ကျန်းမာရေးမှူးကောင်စီ ဥပဒေကြမ်းနှင့် ကြက်ခြေနီ အမှတ်အသား အသုံးပြုခြင်းဆိုင်ရာ ဥပဒေကြမ်းတို့ကို လွှတ်တော်သို့ အဆိုတင်သွင်းခြင်း၊ ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြားတင်သွင်းခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အတည်ပြုချက် ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ပါကြောင်း။

 

အမျိုးသားလွှတ်တော်မှ စတင်ဆွေးနွေးအတည်ပြုပြီး ပြည်သူ့လွှတ်တော်သို့ ပေးပို့ထားသည့် ဥပဒေကြမ်းများအနက် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခဲ့ရာ လွှတ်တော်က ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း အတည်ပြုခဲ့ပါကြောင်း၊ ပြည်သူ့လွှတ်တော်တွင် စတင်ဆွေးနွေးအတည်ပြုပြီး အမျိုးသားလွှတ်တော်သို့ ပေးပို့ခဲ့သည့် ဥပဒေကြမ်းများအနက် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးပြီး ဥပဒေကြမ်းကော်မတီသို့ ပြန်လည်ကြားနာနိုင်ရန် ပေးပို့ခဲ့သော မြန်မာနိုင်ငံဆေးကောင်စီ ဥပဒေကြမ်းနှင့် တိရစ္ဆာန် ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်းတို့ကို လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ ဆောင်ရွက်ခဲ့ပြီး ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ပါကြောင်း၊ အမျိုးသားစာကြည့်တိုက် ဥပဒေကြမ်းကို ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြားတင်သွင်းခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်းနှင့် အဆုံး အဖြတ်ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ပါကြောင်း။

 

လွှတ်တော်ကိုယ်စားလှယ်များက တင်သွင်းသည့် ဥပဒေကြမ်းများဖြစ်သည့် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးအောင်သိန်း တင်သွင်းသည့် ရှေ့နေများကောင်စီနှင့် ရှေ့နေလိုက်သူများဆိုင်ရာ ဥပဒေကြမ်းနှင့် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်()မှ  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးကျော်ထွေး တင်သွင်းသည့် ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတို့ကို လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူသဖြင့် ဥပဒေကြမ်းကော်မတီသို့ လွှဲအပ်ခဲ့ပါကြောင်း။

 

နည်းဥပဒေများနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့်အတည် ပြုပြီးပေးပို့လာသည့် တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေများ၊ အမှုတွဲမိတ္တူကူးခြင်းဆိုင်ရာ နည်းဥပဒေများ၊ အခွန်အယူ ခံခုံအဖွဲ့ နည်းဥပဒေများနှင့် တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများကို အမျိုးသားလွှတ်တော်၌ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း အတည်ပြုခဲ့ပါကြောင်း၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေများကို ပဥ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများကို ပဥ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများနှင့် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများကို ပဥ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများကို အမျိုးသားလွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးပြီး ပြန်လည်ကြားနာနိုင်ရန် ဥပဒေကြမ်းကော်မတီသို့ ပေးပို့ခဲ့ပါကြောင်း။

 

အမျိုးသားလွှတ်တော်တွင် ဖွဲ့စည်းထားသည့် ကော်မတီများ၏ လွှတ်တော်အစည်းအဝေးကာလအတွင်း ဆောင်ရွက်ခဲ့သည့် ကော်မတီအစည်းအဝေးများအနေဖြင့် ဥပဒေကြမ်းကော်မတီ (၁၃)ကြိမ်၊ ပြည်သူ့ငွေစာရင်းကော်မတီ()ကြိမ်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ()ကြိမ်၊ နိုင်ငံတကာ ဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ()ကြိမ်၊ အစိုးရမဟုတ်သော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများဆိုင်ရာ ကော်မတီ ()ကြိမ်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ ()ကြိမ်၊ တိုင်းရင်းသားရေးရာကော်မတီ ()ကြိမ်၊ တောင်သူလယ်သမားရေးရာကော် မတီ()ကြိမ်၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီ ()ကြိမ်၊ ပညာရေးမြှင့်တင်မှု ကော်မတီ ()ကြိမ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာ ကော်မတီ()ကြိမ်၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့် အရေးဆိုင်ရာ ကော်မတီ()ကြိမ်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာကော်မတီ ()ကြိမ်၊ ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီ ()ကြိမ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ()ကြိမ်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီ (၁၀)ကြိမ် စုစုပေါင်း ကော်မတီအစည်းအဝေး (၉၈)ကြိမ် ပြုလုပ်ခဲ့ပါကြောင်း။

 

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ စွမ်းရည်မြင့်မားစေရန် ရည်ရွယ်၍ အပြန်အလှန်ဆွေးနွေးပွဲများ (Debate)ကို ()ကြိမ်ပြုလုပ်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ပါကြောင်း၊ သုတေသန၊ ပြည်သူ့ဆက်ဆံရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးဌာနကြီးမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအတွက် ဒုတိယအကြိမ် အမျိုးသား လွှတ်တော် (၁၅)က်ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း စာတမ်းတို ()စောင် ထုတ်ဝေခဲ့ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် (၂၁)ဦးက သိရှိလိုသည့် သတင်းအချက်အလက်မေးမြန်းမှု (၂၈)ခုအနက် (၁၄)ချက်ကို ရှာဖွေပေးခဲ့ပြီး ဖြစ်သည်ကို လွှတ်တော်ကိုယ်စားလှယ်များကို အသိပေးပါကြောင်း။

 

လွှတ်တော်ကိုယ်စားလှယ်များအားလုံး မိမိတို့သက်ဆိုင်ရာ ဒေသအသီးသီးသို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် ပြန်လည်ရောက်ရှိကြပြီး မိမိတို့၏ မဲဆန္ဒရှင် ပြည်သူများအကျိုး၊ ဒေသ၏အကျိုး၊ နိုင်ငံတော်၏အကျိုးကို ဆတက်ထမ်းပိုးထမ်း ဆောင်နိုင်ကြပါဟု ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင် စွာကျင်းပပြီးစီးကြောင်း ကြေညာသည်။

 

အောင်ရဲသွင်