Draper House နှင့် LEARN Global Institute တို့မှ ကျောင်းသားများအတွက် သင်ယူမှုစနစ်သစ်များ ဖန်တီးပေးရန် သဘောတူညီ

ရန်ကုန်  ၂၇ ဩဂုတ်

Draper Startup House (DSH) နှင့် LEARN Global Institute (LGI) တို့သည် မကြာသေးမီက နားလည်မှုစာချွန်လွှာ (MOU) ကိုလက်မှတ်ရေးထိုးခဲ့ကြပြီး LGI ကျောင်းသားများ မတည်ငွေရင်း ထောက်ပံ့မှု ရရှိနိုင်မည့် အခွင့်အရေးများနှင့် ပိုမိုကောင်းမွန်သော သင်ကြားမှု အတွေ့အကြုံများအား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဖွဲ့အစည်းနှစ်ခုလုံးသည် ကျောင်းသားများ၊ ကျွမ်းကျင်သူများ၊ အတွေးအခေါ်ပညာရှင် (Thought Leaders)၊ စွန့်ဦးတီထွင်သူများနှင့် Startup လုပ်ငန်းများကို အဓိကထား ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ‌၎င်းတို့အတွက် အကောင်းဆုံးဖြစ်မည့် ဂေဟစနစ်တစ်ခုကို ဖန်တီးခြင်းဖြစ်သည်။ ပူးပေါင်းမှုမှတစ်ဆင့် ငွေကြေးထောက်ပံ့မှုရနိုင်မည့် အခွင့်အရေးများ၊ အသိမိတ်ဆွေတိုးပွားရေးနှင့် ဆန်းသစ်သည့် သင်ယူမှု ပလက်ဖောင်းများ ရရှိနိုင်မည့် အဖွဲ့အစည်းတစ်ခု တည်ဆောက်ရာလည်းရောက်သည်။

 

“ဒီနှစ် စက်တင်ဘာ ၂၈ ရက်နေ့ကစပြီး Manchester Metropolitan University ရဲ့ MSc FinTech ဘွဲ့ကို တက်မယ့် ကျောင်းသား ပထမအသုတ် စိတ်လှုပ်ရှားစရာခရီးစဉ်ဖြစ်တဲ့ အွန်လိုင်းဘွဲ့လွန် မော်ဂျူးကို စတင်တော့မှာပါ။ LEARN Global Institute နဲ့ Draper House တို့ရဲ့ ပူးပေါင်းမှုကနေ အကောင်းဆုံး သင်ယူမှု အတွေ့အကြုံတွေကို ကျွန်တော်တို့ရဲ့ ကျောင်းသားတွေအတွက် ဖန်တီးပေးစွမ်းနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု LEARN Global Institute ၏ Chief Innovation Officer (ဆန်းသစ်တီထွင်မှုအရာရှိချုပ်) Mr. Edmund Carlos Avila က ပြောကြားခဲ့သည်။

 

၁၁

 

DSH - LGI သဘောတူညီချက်အရ Manchester Met Fintech ပရိုဂရမ်၏ ပထမဆုံး ရှေ့ပြေး အစီအစဉ်တွင် စာရင်းပေးသွင်းထားသည့် LGI ကျောင်းသားများသည် ၎င်းတို့၏ သင်ယူမှု အတွေ့အကြုံကို အကျိုးရှိရှိ အသုံးချနိုင်ရန် အခွင့်အရေးများလည်း ရရှိမည်ဖြစ်သည်။

 

DSH သည် startup လုပ်ကိုင်သူများ၊ ဒီဂျစ်တယ် ကျွမ်းကျင်ရှင်များ၊ တီထွင်ဖန်တီးရှင်များနှင့် စွန့်ဦးတီထွင်သူအသိုင်းအဝိုင်းများ စုစည်း၍ စိတ်ဓာတ်နှိုးဆွခြင်း၊ စွမ်းရည်မြှင့်တင်ခြင်းနှင့် လေ့လာသင်ယူခြင်းတို့အတွက် လုပ်ငန်းခွင်နေရာများ ကမ်းလှမ်းပေးသည်။ Draper House သည် ကမ္ဘာတစ်ဝန်းရှိ အမေရိက၊ ဥရောပ၊ အာရှတို့၏ အချက်အချာမြို့များဖြစ်သည့် စင်ကာပူ၊ မနီလာ၊ ဘန်ဂလို၊ ဘာလီ၊ ချင်းမိုင်နှင့် ရန်ကုန်မြို့တို့တွင် ပူးတွဲအလုပ်လုပ်နိုင်သည့် နေရာထိုင်ခင်းများ ပိုင်ဆိုင်ကြောင်း သိရသည်။

 

LGI သည် UK မှ Triple Crown အသိအမှတ်ပြု ထိပ်တန်းတက္ကသိုလ်ဖြစ်သည့် Manchester Metropolitan University ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်ဖြစ်ပြီး ထိုင်းနိုင်ငံအခြေစိုက် Rangsit University International ကိုလည်း ကိုယ်စားပြုသည်။ Learn Global Institute  သည် ထင်ရှားသော အဖွဲ့အစည်းများဖြစ်သည့် နိုင်ငံတကာငွေကြေးအဖွဲ့အစည်း (International Finance Corporation)၊ DFID Myanmar၊ ရွှေတောင်ကုမ္ပဏီအုပ်စု၊ Ooredoo၊ ZTE၊ SIM တက္ကသိုလ်၊ Kaplan တက္ကသိုလ်နှင့် ST Logistics တို့နှင့် လက်တွဲဆောင်ရွက်နေသော LEARN Education Group ၏ တွဲဖက် ကုမ္ပဏီလည်းဖြစ်သည်။

MDN

Source-Zagar Communications

 

mdn