ဒဏ်ရာကြောင့် ရက်သတ္တ လေးပတ်မှ ခြောက်ပတ်အထိ တိုက်စစ်ကစားသမား တောရက်စ် အနားယူရဖွယ်ရှိ

မန်စီးတီးတိုက်စစ်ကစားသမား  ဖာရန်တောရက်စ်သည် ဒဏ်ရာကြောင့် ရက်သတ္တ လေးပတ်မှ ခြောက်ပတ်အထိ အနားယူရဖွယ်ရှိကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ၎င်းသည် နေးရှင်းလိဂ် ဆီမီးဖိုင်နယ်တွင် စပိန်အသင်း က အီတလီအသင်းကို နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သော ပွဲစဉ် တွင် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

မန်စီးတီးအသင်းသည် လာမည့် ရက်သတ္တခြောက်ပတ်အတွင်း ပရီမီယာလိဂ်တွင် မန်ယူ၊ ချန်ပီယံလိဂ်တွင် ပီအက်စ်ဂျီအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ ထို့အပြင် စပိန်အသင်းသည် လာမည့်လတွင် ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ဂရိ၊ ဆွီဒင်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ သို့သော်လည်း အသက် ၂၁ နှစ်အရွယ်ရှိ စပိန်ကစားသမား တောရက်စ်သည် ဒဏ်ရာကြောင့် ကလပ်နှင့် နိုင်ငံအသင်းအတွက် အရေးကြီးသည့် အဆိုပါပွဲစဉ်များကို လွဲချော်ဖွယ်ရှိနေခြင်းဖြစ်သည်။

တောရက်စ်သည် ယခုနှစ်ရာသီတွင် မန်စီးတီးအသင်းအတွက် ပြိုင်ပွဲအရပ်ရပ် သုံးဂိုးသွင်းယူပေးထားပြီး ဖြစ်သည်။

မိုးဇက်