ဒလအဝေးပြေးကားဝင်း၌ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း အခြေပြုယာဉ်လိုင်းများ ပုံမှန်ပြန်လည်ပြေးဆွဲ‌

ရန်ကုန်   ဒီဇင်ဘာ  ၇

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်ရှိ အဝေးပြေးကားဝင်း၌ ဧရာဝတီတိုင်းဒေသကြီး အခြေပြု ပြေးဆွဲပေးနေသော အဝေးပြေး ယာဉ်လိုင်းများနှင့် ရန်ကုန်တိုင်းဒေသကြီး အခြေပြု ပြေးဆွဲပေးနေသော ယာဉ်လိုင်းများအနေဖြင့် တွံတေးမြို့နယ်၊ ကံဘဲ့လမ်းနှင့် ကော့မှူးလမ်းပိုင်းအား နယ်မြေအေးချမ်းတည်ငြိမ်ရေးနှင့် လုံခြုံရေးအတွက် ခေတ္တပိတ်ထားခဲ့ရာမှ ဒီဇင်ဘာ ၆ ရက်မှ စတင်ပြီး  ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းကြောင့် ခရီးသည်တင် အဝေးပြေး ယာဉ်လိုင်းများအနေဖြင့် ပုံမှန်ပြန်လည်ပြေးဆွဲပေးလျက်ရှိနေပြီဖြစ်ရာ အနယ်နယ် အရပ်ရပ်မှ ခရီးသွား မိဘပြည်သူများ ပုံမှန် သွားလာလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC) ဒလမြို့နယ်ရုံးခွဲမှ သိရသည်။

 

ရန်ကုန်တိုင်းအခြေပြု ပြေးဆွဲပေးနေသော ယာဉ်လိုင်းများအနေဖြင့် ထက်အောင်ကျော်(ဒလ-ဒေးဒရဲ-ဖျာပုံ-မော်လမြိုင်ကျွန်း)၊ နိုင်အောင်ကျော်(ဒလ-ဘိုက‌လေး)၊ မင်းဖြိုးမောက်(ဒလ-ဘိုကလေး)၊ ပိုင်ဧရာ(ဒလ-ဒေးဒရဲ-ဖျာပုံ-ကျိုက်လတ်)၊ ရတနာမိုး(ဒလ-ဒေးဒရဲ-ဖျာပုံ)၊ ရွှေသူဌေး(ဒလ-ဒေးဒရဲ-ဖျာပုံ)၊ ထာဝရ(ဒလ-ဒေးဒရဲ-ဖျာပုံ)၊ ရွှေခြံသား(ဒလ-ဒေးဒရဲ-ဖျာပုံ) စသည့် ယာဉ်လိုင်း ရှစ်လိုင်း၊ ဧရာဝတီတိုင်းဒေသကြီး အခြေပြုပြေးဆွဲနေသော ပါရမီ(ဘိုကလေး-ဒလ)၊ ရွှေဧရာ(ဘိုကလေး-ကျိုက်လတ်-ဖျာပုံ-ဒေးဒရဲ-ဒလ)၊ ပင်မ(BM)(ဘိုကလေး-ဒလ)၊ ရွှေမြန်မာ(ဒေးဒရဲ-ဒလ)၊ ထိပ်တန်း (ဒေးဒရဲ-ဒလ)၊ ရွှေသစ္စာ(ဒေးဒရဲ-ဒလ)၊ သံမဏိနဂါး(ဖျာပုံ-ဒေးဒရဲ-ဒလ)၊ ဂုဏ်ဆင့်သူ(ကျိုက်လတ်-မအူပင်-ဒလ)၊ ပန်းရိုးမ(မအူပင်-ဒလ)၊ ကောင်းထက်သူ/ရွှေလမင်း(မအူပင်-ဒလ)၊ တိုးဧရာ(မအူပင်-ဒလ)၊ အောင်တံခွန်(မအူပင်-ဒလ)၊ မြစ်ဧရာကျော်(မအူပင်-ဒလ)၊ ရာသက်ပန်(ဖျာပုံ-ဒေးဒရဲ-ဒလ)၊ အောင်စစ်သည်(ဖျာပုံ-ဒေးဒရဲ-ဒလ) စသည့် ယာဉ်လိုင်းပေါင်း ၂၄ လိုင်း ရှိသည့်အနက်  နေ့စဉ် ၁၃ လိုင်း မှ ၁၄ လိုင်း အထိ ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ  အငှားယာဉ်ငယ် တစ်စီးတွင် ခရီးသည် ငါးဦး၊ မိုက်ခရိုဘတ်(စ်) တစ်စီးတွင် ခရီးသည် ကိုးဦး၊  မီနီဘတ်စ်တစ်စီးတွင် ခရီးသည် ၁၅ ဦး အထိ သတ်မှတ်လူဦးရေအတိုင်း အနယ်နယ်အရပ်ရပ်မှ ခရီးသည်များအား  သယ်ယူပို့ဆောင် ပြေးဆွဲပေးလျက်ရှိသည်။

 

ဒလ-တွံတေး-ကော့မှူး-ကွမ်းခြံကုန်းမြို့နယ်များနှင့် လှိုင်သာယာမြို့နယ်တို့သို့ ပြေးဆွဲပေးနေသော YBS 47 (တွံတေး-လှိုင်သာယာ)၊ YBS 48 (တွံတေး-ဒလ)၊ YBS 49 (ကွမ်းခြံကုန်း-လှိုင်သာယာ)၊ YBS 50 (ကွမ်းခြံကုန်း-ဒလ) ယာဉ်များ အနေဖြင့် နေ့စဉ် ကားလေးအစီးရေ ၁၂၀ ကျော်၊ မိုက်ခရိုဘတ်(စ်)ကားအစီးရေ ၁၂ စီးခန့် နေ့စဉ်ပြေးဆွဲ ပေးလျက်ရှိပြီး ကိုဗစ်-၁၉ ဖြစ်ပွားနေသာ ကာလမှစတင်၍ ကားတစ်စီးလျှင် ခရီးသည် ငါးဦးနှုန်းဖြင့် နေ့စဉ် ခရီးသည် ၆၀၀ ကျော်ခန့် ပြေးဆွဲပို့ဆောင်ပေးလျက်ရှိကြောင်း (YRTC) ဒလမြို့နယ်ရုံးခွဲမှ သိရသည်။

 

လက်ရှိအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး အခြေပြု‌ပြေးဆွဲနေသော ယာဉ်လိုင်းများအနေဖြင့် တစ်ရက်ပျှမ်းမျှ ခရီးသည် ၂၀၀ ဝန်းကျင်နှင့် ရန်ကုန်တိုင်းအခြေပြု၍ ပြေးဆွဲပေးသော ယာဉ်လိုင်းများအနေဖြင့် ခရီးသည် ၆၀၀ ကျော် ပို့ဆောင် ပေးလျက်ရှိပြီး ခရီးသည်များ အဆင်ပြေစေရေးအတွက် အဝေးပြေးယာဉ်လိုင်းများ ပုံမှန်ပြေးဆွဲပေးလျက်ရှိကြောင်း၊ ဒလမြို့နယ် အဝေးပြေးကားဝင်း၌ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး အခြေပြု ပြေးဆွဲနေသော ယာဉ်လိုင်းပေါင်း ၂၄ လိုင်းရှိပြီး ယာဉ်အစီးရေ ၂၅၉ စီးရှိကြောင်း သိရသည်။

 

နိုင်လင်းကျော်(IPRD)