ဒက္ခိဏခရိုင်၌ လုပ်ငန်းခွင် မြေတိုင်းတာခြင်းနှင့် မြေစာရင်းသင်တန်းဖွင့်

နေပြည်တော်  ၆ ဇူလိုင်

 

နေပြည်တော် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ လုပ်ငန်းခွင်မြေတိုင်းတာခြင်းနှင့် မြေစာရင်းသင်တန်း (တိုင်းဒေသကြီး/ ပြည်နယ်-၁) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ဒက္ခိဏခရိုင် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနရုံး၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွဋ်နှင့် အရာထမ်း အမှုထမ်းများ တက်ရောက်ကြသည်။

 

သင်တန်းတွင် နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်နှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝင်းထွဋ်တို့က အဖွင့်အမှာစကား ပြောကြားကြသည်။

 

အဆိုပါသင်တန်းသို့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ တိုင်း/ ခရိုင်/ မြို့နယ်များမှ သင်တန်းသား ၂၂ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဇူလိုင် ၆ ရက်နေ့မှ ဩဂုတ် ၂ ရက်အထိ (၁) လကြာ စာတွေ့လက်တွေ့ သင်ကြား ပို့ချပေးသွားမည်ဖြစ်ကာ သင်တန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

(ခရိုင် ပြန်/ဆက်)