ဒီရေရိုက်ခတ်မှုကြောင့် နေအိမ် ၁ လုံး၊ မိသားစုဝင် ၃ ဦး မျောပါပျောက်ဆုံးခဲ့ပြီး ၂ ဦး သေဆုံးလျက်ပြန်တွေ့

နေပြည်တော် ၂၃ စက်တင်ဘာ

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ စစ်တောင်းကျေးရွာနေ မကြည်ကြည်ခင် (၃၀)နှစ်ပါ မိသားစုဝင် ၃ ဦးမှာ စက်တင်ဘာ ၂၀ ရက် နံနက် ၆ နာရီက စစ်တောင်းမြစ်အတွင်း ဒီရေရိုက်ခတ်မှုကြောင့် နေအိမ် ၁ လုံးနှင့်အတူ မျောပါပျောက်ဆုံးခဲ့ကြောင်း သိရသည်။

 

သိမ်ဇရပ်မြို့၊ (၁)ရပ်ကွက်၊ သုံးအိမ်စုရပ်ရှိ စစ်တောင်းမြစ်ကမ်းစပ်၌ စက်တင်ဘာ ၂၂ ရက် နံနက် ၇ နာရီခွဲက ပြင်ပဒဏ်ရာမတွေ့ရှိဘဲ ပုပ်ပွသေဆုံးနေသည့် မကြည်ကြည်ခင်၏ အလောင်းအား လည်းကောင်း၊ မွန်းလွဲ ၁၂ နာရီ ၅ မိနစ်က ခြေထောက်မပါဘဲ ပုပ်ပွသေဆုံးနေသည့် မကြည်ကြည်ခင်၏ သားဖြစ်သူ လင်းအောင်၏ အလောင်းအား လည်းကောင်း တွေ့ရှိခဲ့သဖြင့် အလောင်းများအား သိမ်ဇရပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် ၎င်းတို့ ၂ ဦး သေဆုံးမှုအား သိမ်ဇရပ်နယ်မြေရဲစခန်း၌ သေမှုသေခင်းရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား