ဒီကလန်ရိုက်စ်ကို ပေါင်သန်း ၅၀ ဝန်းကျင်နဲ့  ဝက်စ်ဟမ်း ထုတ်ရောင်းဖွယ်ရှိ

၂၃ ဇန်နဝါရီ

ပြီးခဲ့တဲ့ နွေဈေးကွက်က ချယ်လ်ဆီးရဲ့ အဓိကပစ်မှတ်ဖြစ်ခဲ့တဲ့ အသက် (၂၂)နှစ်အရွယ် ဒီကလန်ရိုက်စ်ကို ဝက်စ်ဟမ်းအသင်းက ပေါင်သန်း ၅၀ ဝန်းကျင်ရရုံနဲ့ ထုတ်ရောင်းနိုင်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။  

ဒီကွင်းလယ်လူကို ပြီးခဲ့တဲ့ နွေဈးကွက်က ပေါင်သန်း ၈၀ အထိ ဝက်စ်ဟမ်းက ဈေးခေါ် ခဲ့တာကြောင့် ချယ်လ်ဆီးအသင်းရဲ့ခေါ်ယူရေးလက်လျှော့ခဲ့ရတာဖြစ်ပါတယ်။

ခုတော့ ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ ရိုက်ခတ်မှုကြောင့် အသင်းရဲ့ ဘဏ္ဍာရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့  ရိုက်စ်ကို ပေါင်သန်း ၅၀ နဲ့ ထုတ်ရောင်းဖို့ ဝက်စ်ဟမ်းက လိုလားနေတာပါ။ အသက် (၂၂)နှစ်အရွယ် ကစားသမားကလည်း သူ့ရဲ့အနာဂတ် ပိုမိုတောက်ပဖို့အတွက် အသင်းကြီးတစ်သင်းကို ပြောင်းရွှေ့ပြီး စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်နေတယ်လို့ 90 အားကစားသတင်းဌာနက ဖော်ပြပါတယ်။ 

ရိုက်စ်အတွက် ပေါင်သန်း ၅၀ လောက်သာသုံးရမှာဖြစ်လို့ ဒီကစားသမားကို ရရှိရေး  မန်ယူ၊ မန်စီးတီး၊ လီဗာပူးတို့ကလည်း ကြိုးပမ်းလာတာကြောင့် ချယ်လ်ဆီးအနေနဲ့ ကလပ် အသင်းရဲ့ ကာလရှည် ပစ်မှတ်ကစားသမားကိုရဖို့  အခက်အခဲကြုံလာနိုင်ပါတယ်။ 

ရိုက်စ်ကတော့  သူ့အနေနဲ့ ဘယ်အသင်းကို ပြောင်းသင့်သလဲဆိုတာကိုရွေးချယ်ရာမှာ သူ့ကို ထားပြီး ကစားမယ့်နေရာ၊ ပွဲထွက်ကစားခွင့် အာမခံချက်တွေကို အဓိကထားပြီး ရွေးချယ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ မန်စီးတီးနဲ့ ချယ်လ်ဆီးကတော့ ရိုက်စ်ကို ခေါ်ယူလိုခြင်းကဗဟိုခံစစ်ပိုင်း နေရာမှာထားကစားဖို့  ရည်ရွယ်ပေမယ့် လီဗာပူးနဲ့ မန်ယူတို့က ဗဟိုကွင်းလယ်နေရာမှာ ထားကစားစေဖို့ ဆန္ဒရှိကြောင်း သိရပါတယ်။ 

မေလဲ့သင်း