ဓနုတိုင်းရင်းသားတို့၏ ရိုးရာဝတ်စုံအကြောင်း

ရှိန်းခန့်ဇော် (ပင်းတယ)

 

နိဒါန်း

 

ဤလောကတွင် ရေမရှိသောပင်လယ်၊ အပင်မရှိသောတော၊ အတောင်မပါသော ငှက်ဟူ၍ မပေါ်ပေါက်သေးပေ။ ထို့အတူ မျိုးရိုးဇာတိမဲ့သော လူသားဟူ၍ မမွေးဖွားသေးချေ။ ပင်လယ်မှန်လျှင် ရေရှိသည်။ သစ်တောမှန်လျှင် အပင်ရှိရသည်။ မီးဟူသမျှ အခိုးအလျှံရှိသကဲ့သို့ လူဟူသမျှ အမျိုးမာန်ရှိရ၏။

 

အမျိုးအနွယ်ကို စောင့်ထိန်းခြင်းသည် မြတ်သောမင်္ဂလာတစ်ပါးဖြစ်၏။ အမျိုးအနွယ်ကို စောင့်ထိန်းခြင်းမရှိပါက ယဉ်ကျေးမှုရောယှက်ကာ လူမျိုးပျက်သုဉ်းနိုင်သည်။ ထို့ကြောင့် မိမိတို့အမျိုးနွယ်၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ သာသာစကား၊ ဝတ်စားဆင်ယင်မှုတို့ကို တန်ဖိုးထား၊ လေစားထိန်းသိမ်းသောအားဖြင့် တိုင်းရင်းသားအားလုံးသည် ရိုးရာဝတ်စုံကို စည်းလုံးညီညွတ်စွာဖြင့် ဝတ်ဆင်သင့်ပေသည်။

 

ဓနုတိုင်းရင်းသားလူမျိုးများ ဆင်းသက်လာပုံ

 

မြန်မာနိုင်ငံရှိ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း ဟူသည့် တိုင်းရင်းသားမျိုးနွယ်စုကြီးများတွင် မိမိတို့၏ ကိုယ်ပိုင်ရိုးရာ ဝတ်စားဆင်ယင်မှုရှိ ကြသည်။ ထိုသို့ တိုင်းရင်းသားမျိုးနွယ်စုကြီးများကို လေ့လာကြည့်မည်ဆိုလျှင် တိုင်းရင်းသားပေါင်း ၁၃၅ မျိုး ရှိသည့်အနက် မြန်မာနိုင်ငံတွင် လူဦးရေအများဆုံး နံပါတ် ၁၀ စာရင်းဝင်ပြီး ရှမ်းပြည်နယ်တွင် လူဦးရေအများဆုံးစာရင်းတွင် နံပါတ် ၄ နေရာတွင်ရှိသည့် "ဓနု" တိုင်းရင်းသားလူမျိုးများတွင်လည်း မိမိတို့၏ကိုယ်ပိုင် ဝတ်စားဆင်ယင်မှုဖြင့် နေထိုင်ကြသည့် လူမျိုးများထဲတွင် အပါအဝင်ဖြစ်သည်။

 

"ဓနုတိုင်းရင်းသား" ဟူသည် "လေးအတတ်ကို တစ်ဖက်ကမ်းခတ်တတ် မြောက်သောလူမျိုး" ဟုသမိုင်းတွင်လေသည်။ မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်လ သော မွန်၊ ခမာ၊ တိဗက်၊ ယိုးဒယား၊ တရုတ် စသည့်အုပ်စုများ ဝင်ရောက်လာရာ ဓနုတိုင်းရင်းသားတို့သည် တိဗက်-မြန်မာ အုပ်စုမှ ဝင်ရောက်လာသည့် လူမျိုးများ ဖြစ်သည်။ ဓနုလူမျိုးများသည် မြန်မာပြည်အရှေ့ခြမ်းနှင့် ရှမ်းပြည်နယ် အနောက်ခြမ်းအကြားတွင်ရှိသော တောင်မြောက်သွယ်တန်းနေသည့် ရှမ်းမြေလတ်တစ်ကြောတွင် ရှေးယခင်ကတည်းက နေထိုင်ခဲ့ကြခြင်းဖြစ်သည်။ ဓနုလူမျိုးသည် စိုက်ပျိုးရေးဖြင့် အသက်မွေးသော လူမျိုးများဖြစ်သည်။

 

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် အမျိုးသားညီလာခံ

 

ဓနုလူမျိုးတို့၏ သမိုင်းစာမျက်နှာများကို ပြန်လှန်ကြည့်မည်ဆိုလျှင် များစွာသော အကြောင်းကိစ္စများကို ခိုင်မာသောအ ထောက်အထားများဖြင့် တွေ့မြင်နိုင်သော်လည်း ၂၀၁၀ ပြည့်နှစ် သြဂုတ် ၂၀ ရက် မြန်မာသက္ကရာဇ် ၁၃၇၂ ခုနှစ် ဝါခေါင်လဆန်း ၁၀ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အေးချမ်းသာယာရေးနှင့်

(ဆက်လက်ဖော်ပြပါမည်)