ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းဆောင်ရွက်

ပြင်ဦးလွင်  ၁၄  ဇူလိုင်

 

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ သံဃသာမဂ္ဂီသိမ်တော်ကြီးတွင် ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းကို ယနေ့နံနက်မှစ၍ ပြုလုပ်ခဲ့သည်။

 

 

၂၀၂၀ ပြည့်နှစ် ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲကို ပြင်ဦးလွင်မြို့ သံဃသာမဂ္ဂီ သိမ်တော်ကြီးတွင် ဇူလိုင်  ၁၅ ရက်မှ ဇူလိုင် ၂၂ ရက်အထိ ကျင်းပသွားမည်ဖြစ်သဖြင့် စာမေးပွဲဖြေဆိုနိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်‌မောင်၊ ခရိုင်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှ ခရိုင်ကျန်းမာ‌ရေးမှူး ဒေါက်တာသန်းဝင်း၊ မြို့နယ်သာသနာရေးဦးစီးဌာနမှ    သာသနာရေးမှူး ဦးမောင်မောင်ဟိန်းထွန်းနှင့် ဝန်ထမ်း များက စာမေးပွဲခန်း အတွင်း စာဖြေခုံများ နေရာချထားခြင်း၊   လက်ဆေးဘေစင်များ ထားရှိခြင်း၊ သံဃာတော်များအား စာဖြေခန်းမဝင်မီ မဏ္ဍပ်များအတွင်း ထိုင်ခုံများအား နေရာချထားပေးခြင်းအတွက် ပြင်ဆင်ထားရှိမှုတို့အား လိုက်လံကြည့်ရှု၍ လိုအပ်သည်များကို ဖြည့်ဆည်းပေးခဲ့ကြသည်။

 

 

 အဆိုပါ ဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲတွင် သံဃာတော်နှင့် သီလရှင်ဆရာလေး (၅၇၄) ပါး ပါဝင်ဖြေဆိုမည်ဖြစ်ပြီး ပထမကြီးတန်း (၇၅) ပါး၊ ပထမလတ်တန်း (၇၃)ပါး၊ ပထမငယ်တန်း (၁၅၁) ပါးနှင့် အခြေပြုမူလတန်း (၂၇၂) ပါး တို့ဝင်ရောက်ဖြေဆိုမည်ဖြစ်သည်။

 

 

ဇူလိုင် ၁၉ ရက် တစ်ရက် စာ‌ဖြေရပ်နားထားကာ စာဖြေနေ့များအားလုံးတွင်  သံဃာ၊ သီလရှင် များအား Msak များ အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

 

မြတ်ဆုမွန်