ဓမ္မာစရိယစာမေးပွဲ ဆဋ္ဌမနေ့ကျင်းပ

နေပြည်တော် ၁၄ ဇူလိုင်

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူး၍ နှစ်စဉ်ကျင်းပပြုလုပ်သော ၂၀၂၀ ပြည့်နှစ် ဓမ္မာစရိယစာမေးပွဲကို ယနေ့ (ဆဋ္ဌမနေ့) နိုင်ငံတစ်ဝန်းလုံးရှိ စာဖြေဌာန ၅၇ ဌာနတို့တွင် စာဖြေသံဃာတော်နှင့် သီလရှင်များ စာရင်းသွင်း ၁၂၇၄၉ ပါးအနက် ၉၉၃၀ ပါး ဖြေဆိုကြသဖြင့် ၇၇ ဒသမ ၈၉ ရာခိုင်နှုန်း ဖြေဆိုကြကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။

 

သတင်းစဉ်