ဒေသရေမြေရာသီဥတုနှင့်ကိုက်ညီသည့် သီးနှံမျိုးသန့်မျိုးပွားမျိုးများ တောင်သူများထံ ဖြန့်ဖြူးပေးမည်

mdn

ကန့်ဘလူ    စက်တင်ဘာ        ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် မျိုးသန့်ခြံ၌ ကျေးလက်နေ တောင်သူလယ်သမားများအ တွက် ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီပြီး သီးနှံအထွက်နှုန်းကောင်းမွန်သော မျိုးသန့်မျိုးပွား မျိုးများကို ဖြန့်ဖြူးပေးသွားနိုင်ရန် စိုက်ပျိုးထားသော သီးနှံများမှာ အောင်မြင်ဖြစ်ထွန်းပြီး မကြာမီ ရိတ်သိမ်းတော့မည်ဖြစ်ကြောင်း သိရသည်။

ကန့်ဘလူမျိုးသန့်ခြံ ကွင်းစခန်းအမှတ်(၁)တွင် ပဲစင်းငုံ(မုံရွာရွှေဒင်္ဂါး)မျိုးစေ့(RS) မျိုးသန့်မျိုးပွားအဆင့် ဧက ၈၀၊ နေကြာ (ရေဆင်း- ၁) ဧက ၃၀၊ မတ်ပဲ (ရေဆင်း- ၂) ၂၉ ဧက စုစုပေါင်း မျိုးစေ့ထုတ် ဧက ၁၃၉ ဧကကို မိုးသီးနှံလျာထားစိုက်ပျိုးခဲ့ရာ ယခုအခါ အောင်မြင်ဖြစ်ထွန်းပြီး မကြာမီ ရိတ်သိမ်းကာ မျိုးသန့်မျိုးပွားမျိုးအဆင့်ရရှိအောင် ဆောင်ရွက်ပြီးမှ ဒေသတောင်သူလယ်သမားများကို ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း မျိုးသန့်ခြံတာဝန်ခံ ထံမှသိရသည်။

ကန့်ဘလူမျိုးသန့်ခြံ၌ ယာသီးနှံများကို အဓိကထား မျိုးစေ့ထုတ်လုပ်ငန်း လုပ်ဆောင်ခြင်းဖြစ်ပြီး စိုက်  
ပျိုးနေသောမျိုးများသည် ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီသော မျိုးသန့်မျိုးပွား မျိုးစေ့များဖြစ်ပြီး ကန့်ဘလူမြို့နယ် ပတ်ဝန်းကျင်သည် မိုးကောင်းသောက်လယ်ယာမြေများဖြစ်သဖြင့် ပဲစင်းငုံ၊ နေကြာ၊ မတ်ပဲ စသည့်သီးနှံများကို စိုက်ပျိုးရာတွင် ရေငတ်ခံနိုင်သော မျိုးသန့်မျိုးပွားမျိုးစေ့များကို စိုက်ပျိုးခြင်းဖြင့် တောင်သူလယ်သမားများ၏ သီးနှံများ အောင်မြင်ဖြစ်ထွန်းကာ ဝင်ငွေတိုးတက် ရရှိစေနိုင်မည်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)