ဒေါ့ဖုန်းယန်မြို့၌ ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရန်အတွက် စောင့်ကြည့်ရမည့်သူများထားရှိမည့် ခန်းမဆောင်အား သန့်ရှင်းရေးဆောင်ရွက် 

ဒေါ့ဖုန်းယန်မြို့  ၂   ဧပြီ    
    
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့အတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် စောင်ကြည့်ရမည့်သူများ ထားရှိမည့်  အခြေခံပညာ အထက်တန်းကျောင်းဝင်း အတွင်းရှိ ပေ ( ၁၂၀ × ၄၀ ) ခန်းမဆောင်၌ ယနေ့ နံနက် ၈ နာရီက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

d1

 

အဆိုပါ ခန်းမတွင်  ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် ကုတင် (၁၅) လုံး ထားရှိမည်ဖြစ်ပြီး ဗိုလ်မှူးတင်ကိုထက် ဉီးဆောင်သည့်  တပ်ရင်းတပ်ဖွဲ့များနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦး၊ နယ်မြေခံစခန်းမှူး ရဲအုပ်ကျော်လှိုင်နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုပေါင်း၍ ခန်းမဆောင်အား ဆပ်ပြာဖြင့် ရေဆေးခြင်း၊ ကုတင်များ၊ ခုံများအား ဆေးကြောသန့်ရှင်းခြင်း၊ ခန်းမဆောင် ဘေးပတ်ဝန်းကျင် သန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် ရေ၊ မီး ရရှိရေး ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

 

မြသက်(ပြန်/ဆက်)

 

 

d2