ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကျောက်ပန်းတောင်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီသို့ ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်း (၉)မျိုး လာရောက် လှူဒါန်း

ကျောက်ပန်းတောင်း ၂၁ စက်တင်ဘာ

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီတွင် လိုအပ်သလို အသုံးပြုနိုင်ရန်အတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်း စုစုပေါင်း (၉)မျိုးကို စက်တင်ဘာ ၂၁ ရက် မွန်းတည့် ၁၂ နာရီက မြို့နယ်ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ လာရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

 

ကျောက်ပန်းတောင်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများတွင် လိုအပ်သလို အသုံးပြုနိုင်ရန်အတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ Plastic Apron (၁၀ဝ ခုပါ) (၃)ထုပ်၊ လက်အိပ် (၁၀ဝ ခုပါ) (၅)ဘူး၊ ရေမလိုလက်သန့်ဆေးရည် (၅၀ဝ မီလီ) (၁၀)ဘူး၊ ရေမလိုလက်သန့်ဆေးရည် (၄ လီတာ) (၅)ပုံး၊ လက်ဆေးဆပ်ပြာရည် (၅၀ဝမီလီ) (၁၀)ဘူး၊ လက်ဆေးဆပ်ပြာရည် (၃.၅ ကီလိုဂရမ်) (၅)ပုံး၊  အရက်ပျံ (၅၀ဝမီလီ) (၂၀)ဘူး၊ ပိုးသတ်ဆေးဖျန်းပုံး (၁၆ လီတာဆံ့) (၂)ပုံးနှင့် ပိုးသတ်ဆေးရည် (၁၅လီတာ) (၂)ပုံးတို့ကို ကျောက်ပန်းတောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအေးခိုင်၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကိုယ်စား ဦးမင်းဆန်းနှင့် ဦးနေမင်းထွန်းတို့က လာရောက်လှူဒါန်းကြရာ မြို့နယ်ကိုဗစ် -၁၉ ထိန်းချုပ်ရေးနှင့် အရေးအေပါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်နှင့် ကော်မတီဝင် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးတင့်ခိုင်တို့က လက်ခံရယူခဲ့ကြကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)