ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ထားဝယ်မြို့ရှိ Facility Quarantine Center နှင့် ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပစ္စည်းများနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ လာရောက်လှူဒါန်း

ထားဝယ် ၁၅ ဇူလိုင်

 

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် အခြေခံစားသောက်ကုန်များအား ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ Facility Quarantine Center နှင့် ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း တာဝန်ခံ ဒေါ်မြတ်မြတ်အိက Facility Quarantine Center ရှိ လူဦးရေ ၂၅၀ အတွက် ၂၄ ပြည်ဝင် ဆန် ၅၀ အိတ်၊ ကြက်ဉအလုံး ၁၅၀၀၊ ကြက်သွန်နီ ၂၀ ပိဿာ၊ ကြက်သွန်ဖြူ ၁၀ ပိဿာ၊ မန်ကျည်းသီး ၃ ပိဿာ၊ ငံပြာရည် ၅ ဘူး၊ ငါးသေတ္တာ ၁၀၀ ဘူးပါ ၅ ဘူး၊ ဆီ ၂ လီတာဘူး ၂၀၊ ကုလားပဲခြမ်း ၂၅ ပိဿာ၊ အာလူး ၂၅ ပိဿာ၊ ငါးခြောက် ၁၅ ပိဿာ၊ ပုစွန်ငါးပိ ၅ ပိဿာ၊ ကြက်သားမှုန့် ၂၅၀၀ ဂရမ် ၅ ထုပ်၊ အရောင်တင်မှုန့် ၁ ပိဿာ စုစုပေါင်းငွေကျပ် ၂,၁၈၂,၁၅၀ တန်ဖိုးရှိ စားသောက်ကုန်ပစ္စည်းများနှင့် Surgical Mask ၅၀၀ ခု၊ လက်အိတ် (၁၀၀ ခုပါ) ၆ ဘူး၊ ရေမလိုလက်သန့် ဆေးရည် (၅၀၀ မီလီ) ၁၀ ဘူး၊  ရေမလိုလက်သန့် ဆေးရည် (၄ လီတာ ) ၆ ပုံး၊  အရက်ပျံ (၁၀၀ မီလီ) ၆၀ ဘူး၊ လက်ဆေးဆပ်ပြာရည် (၅၀၀ မီလီ) ၁၀ ဘူး၊ လက်ဆေးဆပ်ပြာရည် (၃.၅ KG) ၆ ပုံး စုစုပေါင်းငွေကျပ် ၅၀၇,၇၆၉ တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများအား ပေးအပ်လှူဒါန်းရာ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး လူထုအခြေပြု အထောက်အကူပြုအဖွဲ့မှ ဦးအောင်သန်းဦးက လက်ခံယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

 

ဆက်လက်၍ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း တာဝန်ခံ ဒေါ်မြတ်မြတ်အိနှင့် တာဝန်ရှိသူများက ထားဝယ်ပြည်သူ့ဆေးရုံကြီးအတွက် PPE ဝတ်စုံ (Mask, Hair, Cap, Glove, Goggle) ၂၅ စုံ၊ PPE အင်္ကျီ ၁၅ ထည်၊ Surgical Gown ၃၀ ထည်၊  KN 95 Mask ၅၀ ခု၊ Surgical Mask ၅၀၀ ခု၊ လက်အိတ် (၁၀၀ ခုပါ) ၃ ဘူး၊ ရေမလိုလက်သန့် ဆေးရည် (၅၀၀ မီလီ) ၅ ဘူး၊ ရေမလိုလက်သန့် ဆေးရည် (၄ လီတာ) ၃ ပုံး၊ အရက်ပျံ (၁၀၀ မီလီ) ၆၀ ဘူး၊ လက်ဆေး ဆပ်ပြာရည် (၅၀၀ မီလီ) ၅ ဘူး၊ လက်ဆေးဆပ်ပြာရည် (၃.၅ KG) ၃ ပုံး၊  အပူချိန်တိုင်းကိရိယာ ၂ ခု ငွေကျပ် ၁,၂၉၄,၀၃၅ တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများအား ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးမင်းက လက်ခံယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

ထားဝယ်ခရိုင် (ပြန်/ဆက်)