ဒေးဗစ်အလာဘာကို ချယ်လ်ဆီးအသင်းက ပေါင်သန်း ၆၀ နဲ့ ခေါ်ယူရန် စီစဉ်

၇  ဇန်နဝါရီ

ချယ်လ်ဆီးအသင်းနည်းပြ ဖရန့်လမ်းပတ်ဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဘယ်နောက်ခံကစားသမား ဒေးဗစ်အဘာဘာကို ယခု ဇန်နဝါရီဈေးကွက်အတွင်းမှာ ပြောင်းရွှေ့ကြေး သန်း ၆၀ နဲ့ ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

နည်းပြဖရန့်လမ်းပတ်ဟာ နွေရာသီကာလအတွင်း နည်းပြဆာရီထံကနေ နည်းပြတာဝန် လွှဲပြောင်းရယူခဲ့ပြီး နောက်ပိုင်း မားကို့စ်အလွန်ဆိုကို ချယ်လ်ဆီးအသင်းရဲ့ ပုံမှန်ပွဲထွက် ကစားသမားစာရင်းကနေ ချန်လှပ်ထားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ ဘယ်နောက်ခံကစားသမားနေရာမှာ လစ်လပ်နေတာကြောင့် ချယ်လ်ဆီးအသင်းခေါင်းဆောင်ဖြစ်တဲ့ ညာနောက်ခံကစားသမား အက်ပီလီကူတာက ဘယ်ခြမ်းခံစစ်ကိုပြောင်းပြီး ကစားနေရတာ ဖြစ်ပါတယ်။ အက်ပီလီကူတာဟာ သူ့နေရာမဟုတ်တဲ့ ညာခြမ်းခံစစ်မှာ အကောင်းဆုံးကစားနိုင်သော်လည်း နည်းပြ ဖရန့်လမ်းပတ်ကတော့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဘယ်နောက်ခံကစားမား ဒေးဗစ်အလာဘာကို ခေါ်ယူဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိ ဒေးဗစ်အလာဘာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ဘွန်ဒက်လီဂါဖလားကို ရှစ်ကြိမ်မြောက်အဖြစ် ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒေးဗစ်အလာဘာဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ လက်ရှိချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ ၁၈ လ ကျန်ရှိနေသေးတယ်လို့လည်း သိရပါတယ်။

ငွေကြယ်