COVID-19 ရောဂါတိုက်ဖျက်ကုသရေးတွင် အထောက်အကူပြုသည့် Oxygen Concentrator စက်များနှင့် ဆက်စပ်ပစ္စည်းများလှူဒါန်း

ရန်ကုန်၊  ၁၄  ဇန်နဝါရီ

 

မြန်မာကျပ်ငွေ သိန်းလေးရာ့သုံးဆယ်ကျော်တန်ဖိုးရှိ oxygen concentrator စက်များအပြင် ၎င်းနှင့်ဆက်စပ်သည့် ဆေးဘက်ဆိုင်ရာသုံးပစ္စည်းများကို COVID-19 ရောဂါတိုက်ဖျက် ကုသရေးကဏ္ဍတွင် အထောက်အကူပြု အသုံးပြုနိုင်ရန် မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အဆိုပါ လှူဒါန်းမှု အခမ်း အနားကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဆေးသုတေသန ဦးစီးဌာန၌ ကျင်းပခဲ့ပြီး ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ Manulife Myanmar မှ အကြီးတန်းအမှုဆောင်အရာရှိများ တက်ရောက်ခဲ့ကြသည်။

 

လှူဒါန်းမှုပြုခဲ့သည့် အဆိုပါ oxygen concentrator စက်များနှင့် ဆက်စပ်ပစ္စည်းများမှာ လက်ရှိဆေးရုံများတွင် COVID-19 ရောဂါခံစားနေရသော လူနာများအတွက် ပြန်လည်ကောင်းမွန် သက်သာစေရန် ကုသရာတွင် အဓိကလိုအပ်သည့် ဆေးဘက်ဆိုင်ရာ လိုအပ် ချက်ဖြစ်သည်။ oxygen concentrator (၂၈) လုံး၊ syringe pumps (၈) ခု၊ oxygen pipe နှင့် masks အခုရေ (၃,ဝ၀ဝ) ၊ oxygen concentrator စက်များအတွက် HEPA filters (၁၀ဝ)  နှင့် oxygen concentrator filters ၅၀ ကို လှူဒါန်းခဲ့ခြင်းဖြစ်သည်။  

 

Manulife Myanmar ၏ Chief Executive Officer နှင့် General Manager ဖြစ်သူ Mr. Robert Elliott က “မြန်မာနိုင်ငံရဲ့ ပြည်သူ့ကျန်းမာရေးစနစ်ကို ပိုမိုကောင်းမွန်တဲ့ အထောက်အပံ့ကောင်းတွေ ပေးနိုင်ဖို့ဆိုတဲ့နေရာမှာ ဒီကနေ့ ကျွန်တော်တို့လှူဒါန်းခဲ့တဲ့ ဆေးဘက်ဆိုင်ရာ သုံးစက်ပစ္စည်းတွေဟာဆိုရင် COVID-19 ကို အမျိုးသားအဆင့် ကာကွယ် တိုက်ဖျက်ကုသရေးမှာ တစ်ထောင့် တစ်နေရာကနေ ပံ့ပိုးကူညီမယ်ဆိုတဲ့ Manulife ရဲ့ စိတ်ကို ပြသခြင်းလည်း ဖြစ်ပါတယ်။ အခုလို ရောဂါတိုက်ဖျက်ရေးမှာ လူနာတွေအတွက် တတ်စွမ်းသမျှ အကာအကွယ်ပြုပေးနေကြတဲ့ မြန်မာနိုင်ငံတစ်ဝန်းက ကျန်းမာရေးဝန်ထမ်းတွေနဲ့ ရှေ့တန်းကကုသပေးနေကြတဲ့ သူရဲကောင်းတွေ အတွက် ဒီလှူဒါန်းမှုက အထောက်အကူဖြစ်စေဖို့နဲ့ ကျေးဇူး အထူးပဲတင်ရှိကြောင်း ပြောကြားလိုပါတယ် ဟု ပြောကြားခဲ့သည်။

 

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ရောဂါစတင်ဖြစ်ပွားခဲ့ချိန်၌လည်း မြန်မာငွေကျပ် သိန်း ၁၄၀ ကျော် တန်ဖိုးရှိ PPE ဝတ်စုံ အစုံ ၅၀ဝ ကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနလက်အောက်ရှိ ဗဟိုဆေးသိုလှောင်ရေး ဌာနသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။ 

 

မေသက်ထား